ပေါ့ဘုရင်မကြီး ဘရစ်တနီစပီးယားအကြောင်း လူသိပ်မသိကြသေးတဲ့ အချက်တွေ

bb.jpg

ဘရစ်တနီစပီးယား ဆိုတာ ရောင်းလို့ မလောက်အောင်ကို ဖြစ်ခဲ့တဲ့ အယ်လ်ဘမ်ရှစ်ချပ်ကို ဖန်တီးပြခဲ့သူ ပေါ့ပ်ဘုရင်မကြီး။ ပရိသတ်တွေဆိုတာ တစ်ခဲနက် အားပေးကြတာပေါ့။ စင်ပေါ်မှာ အမြဲလန်းဆန်း သွက်လက် တက်ကြွ နေတဲ့ သူမရဲ့ နောက်ကွယ်က လူသိနည်းနေသေးတဲ့ စိတ်ဝင်စားဖွယ် အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ပွဲဦးထွက်

ဘရစ်တနီ စပြီး ပွဲဦးထွက်တာ တစ်ကိုယ်တော် အနေနဲ့ မဟုတ်ခဲ့ပါဘူး။ Innosense ဆိုတဲ့ မိန်းကလေးအဖွဲ့အနေနဲ့ပါ။ 1997 မှာ အဖွဲ့ကထွက်၊ Jives တေးသံသွင်းကုမ္ပဏီကြီး နဲ့ လက်တွဲပြီးမှ တစ်ကိုယ်တော်အဆိုတော်အနေနဲ့ ရပ်တည်လာခဲ့တာပါ။

အော်ပရာ အဆိုတော်လို အသံလှ

ဘရစ်တနီရဲ့ အသံက အမြင့်သံဖြစ်တာနဲ့ အညီ ဆိုပရားနိုး အဆိုပိုင်းကို အားသာချက်ရှိပါတယ်။ ဒါက အော်ပရာ အဆိုတော်အဖြစ် ရပ်တည်လို့ရတဲ့ အရည်အချင်းပါပဲ။ သူမသီချင်းတွေမှာ အော်တိုကျူးန် အသံတွေကို ထည့်သုံးတတ်ပေမယ့် ကိုယ်ပိုင်အသံကတော့ ဘုရားပေးထားသလို ထူးခြား လှပပါတယ်။

ဂရမ်မီ ဘယ်နှစ်ဆု

ပေါ့မင်းသမီးလို့တောင် တင်စားရတဲ့ ဘရစ်တနီက ဂရမ်မီ တစ်ဆုပဲ ရခဲ့တယ်လို့ ပြောရင် ယုံစရာမရှိပါဘူး။ ဒါပေမယ့် တကယ်ပါ။ Toxic သီချင်းနဲ့သာ တစ်ခါရဖူးတဲ့ ဂရမ်မီ။ ဂရမ်မီ လျာထားစာရင်းထဲကိုတော့ အဆိုတော်သက်တမ်းတစ်လျှောက် ရှစ်ကြိမ်အထိ ဝင်ထားဖူးသူဖြစ်ပါတယ်။

ကိုယ့်သီချင်း ကိုယ်ရေးတဲ့ ဘရစ်တနီ

ရုပ်ရည်သာရှိတဲ့ ရွှေရောင်ဖျော့ဆံပင်ဝဲဝဲလေးနဲ့ စင်ပေါ်က ကျော့ကျော့မောမော့ ဘရစ်တနီ လို့ အကဲဖြတ်စောရင်တော့ မှားပါလိမ့်မယ်။ သူမက ကိုယ့်သီချင်းကိုယ်ရေးတဲ့ တေးရေးတစ်ယောက်လည်း ဖြစ်တယ်။ သူမသီချင်းတော်တော်များများကို ကိုယ်တိုင်ရေးပြီး တချို့သီချင်းတွေကို တခြားတေးရေးတွေနဲ့ တွဲဖက်ရေးခဲ့ပါတယ်။ သူမရဲ့ ဂီတအလုပ်က ပုဂ္ဂလပိုင်းပိုဆန်တော့ ပိုပြီးခံစားမှုပြင်းထန်တာတွေကိုလည်း ခံစားနားထောင်ကြပြီးဖြစ်မှာပါ။

သူ့သီချင်းတွေကို သူကိုယ်တိုင်တောင် အကုန်မကြိုက်

Sometimes လို သီချင်းဆို သူက မုန်းတောင် မုန်းပါတယ်တဲ့။ Hit Me Baby, One More Time ဆိုတဲ့ ပွဲဦးထွက်အယ်လ်ဘမ်ထုတ်တုန်းက ဒုတိယမြောက် တစ်ကိုယ်တော် သီချင်းပေါ့။ သူမကတော့ စိတ်ပျက်လက်ပျက်ပဲ။ 2002 ခုနှစ်ကတည်းက ရှိုးတွေမှာ ထည့်ကိုမဆိုတော့တာပါ။

ယုံကြည်စိတ်ချအားကိုးထိုက်တဲ့ သူငယ်ချင်းမျိုး

ပေါ့ပ်အဆိုတော် လန်ဘတ်စ် ပထမဆုံးအနေနဲ့ သူလျို့ဝှက်ချက်ကို ထုတ်ပြောပြခဲ့ဖူးသူက ဘရစ်တနီ ပါ။ သူ ဂေး ဖြစ်ကြောင်းကို သူကိုယ်တိုင် ဘရစ်တနီ ဆီ ယုံယုံကြည်ကြည် ပထမဦးဆုံး အသိပေးခဲ့တာပါ။ 2006 ခုနှစ်နောက်ပိုင်းမှသာ ပရိသတ်တွေ သိခွင့်ရခဲ့တာဖြစ်ပါတယ်။

မင်းသမီး နာတာလီပေါ့တ်မန်း နဲ့ အရမ်းခင်သူ

ဘရစ်တနီက နယူးယောက်ကို ပြောင်းရွှေ့ပြီး ဘရော့ဝေးက ပြဇာတ်သရုပ်ဖော်မှုတွေမှာ အရန်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ဖူးတယ်။ သူမရော နာတာလီပေါ့တ်မန်း ပါ အဲ့ဒီအချိန်က “Ruthless” ပြဇာတ်မှာ အရန်အဖြစ် အတူတူ သရုပ်ဆောင်ခဲ့ကြတာပေါ့။ 2002 တုန်းကလည်း ခရစ္စမတ် အကြိုပါတီကို သူမတို့ အတူတူ ပျော်ပျော်ကြီး နွှဲခဲ့ကြဖူးပါတယ်။

Ref: ppcorn.com

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top