ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ချုပ်ပြီး လက်မှတ်ထိုးထားတဲ့ Mask (၂)ခုကို လေလံတင်ရောင်းချမယ်

amaysu-1.jpg

COVID-19 ရောဂါထိန်းချုပ်ရေးရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ချုပ်လုပ်ထားပြီး လက်မှတ် ရေးထိုးထားတဲ့ Mask (၂)ခုကို လေလံတင်ရောင်းချသွားမယ်လို့ ဒီနေ့ပြုလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲကနေတစ်ဆင့် သိရပါတယ်။


”Mask နှစ်ခုမှာ အမေ့ရဲ့လက်မှတ်လေးထိုးပေးပြီး နေပြည်တော်အတွက်တစ်ခု၊ ရန်ကုန်အတွက်တစ်ခု လေလံတင်ကြည့်ပြီးတော့ ရန်ပုံငွေလှူပေးလို့ရနိုင်ပါတယ်”လို့ အဲဒီအွန်လိုင်းဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခဲ့သူ ကိုမောင်မောင်အေးက တင်ပြခဲ့တာပါ။

ကိုမောင်မောင်အေးက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက NLD ပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူကဗျာကို သိန်း ၂၄၀၀ ရရှိအောင် လေလံတင်ရောင်းချပေးခဲ့တဲ့သူထဲက တစ်ဦးလည်း ဖြစ်ပါတယ်။


အခုလိုတင်ပြခဲ့တဲ့အပေါ်ကို ဒေါ်အောင်ဆန်းစုကြည်က ”ကောင်းပါပြီ။ လုပ်ထားတဲ့ Mask ကလည်း နှစ်ခုပဲ ရှိပါတယ်။ နှစ်ခုလုပ်ထားတာရှိတဲ့အတွက် နှစ်ခုစလုံးပေးလိုက်လို့ရပါတယ်”လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ ပထမအကြိမ်ပြန့်ပွားမှုကို ထိန်းချုပ်ခဲ့ စဥ◌်တုန်းကလို အလှူရှင်တွေ သိပ်မရှိတော့အတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတယ်လို့ အဲဒီအွန်လိုင်းဆွေးနွေးပွဲ ကနေ သိရပါတယ်။


Photo – Aung San Suu Kyi Facebook
KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top