ဆံပင်အရှည်မြန်စေတဲ့ ရိုးရှင်းလွယ်ကူတဲ့ ခေါင်းလိမ်းဆီပြုလုပ်နည်း

29-10-2021yyl13.jpg

တချို့လူတွေအတွက် ဆံပင်ရှည်တာမြန်ပေမဲ့ တချို့လူတွေအတွက်တော့ ဆံပင်ရှည်လာဖို့ အချိန်တော်တော်ယူရပါတယ်။ ဆံပင်အရှည်မမြန်လို့ စိတ်ညစ်နေတဲ့သူတွေရှိကြလား။ အဲဒီလိုဖြစ်နေတဲ့သူတွေအတွက် ဆံပင်အရှည်မြန်ချင်တယ်ဆိုရင်တော့ အခြေခံဆံသားဂရုစိုက်နည်းတချို့ကို လုပ်ဆောင်ပေးရပါမယ်။ ဒါပေမဲ့ အခြေခံဆံသားဂရုစိုက်နည်းတွေလုပ်ရုံနဲ့မရပါဘူး။ သဘာဝအတိုင်း ပြုလုပ်ထားတဲ့ ခေါင်းလိမ်းဆီလည်း လိမ်းပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဆံပင်အရှည် ပိုင်ဆိုင်ချင်သူတွေအတွက် ဆံပင်အရှည်မြန်စေမယ့် ခေါင်းလိမ်းဆီပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ဒီခေါင်းလိမ်းဆီပြုလုပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတချို့ကတော့

အုန်းဆီ (၂၀၀ မီလီလီတာ)
သံလွင်ဆီ (၁၀၀ မီလီလီတာ)
အယ်လ်မွန်ဆီ (၅၀ မီလီလီတာ)
ကြက်ဆူဆီ (၃၀ မီလီလီတာ)
ခေါင်ရမ်းပွင့်အနီ (၅) ပွင့်
ဆီးဖြူသီးအရည် (၃၀ မီလီလီတာ)
တမာရွက် (၂၀) ရွက်

ပြုလုပ်နည်း

ခေါင်ရမ်းပွင့်နဲ့ တမာရွက်တွေကို ကြိတ်ပြီး အခြားပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ပါ။ ပြီးရင် ဒယ်အိုးထဲ ထည့်ကာ (၁၀) မိနစ်လောက် အပူပေးပါ။ အပူပေးပြီးရင် အအေးခံပြီး အဖက်တွေမပါအောင် အရည်စစ်ယူပါ။ အဲဒီနောက်ပုလင်းတစ်ခု၊ ဗူးတစ်ခုထဲ ထည့်ပြီးသိုလောင်ထားပါ။ ဒီခေါင်းလိမ်းဆီကို ဆံပင်အရှည်မြန်ဖို့ ပုံမှန်လိမ်းပေးရမှာဖြစ်ပါတယ်။

Ref: Simple hair oil to get long hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top