သင့်ရဲ့မျက်လုံးလေးတွေ ကျန်းမာစေဖို့

kiwi-eyes-WH9QJDF.jpg

မြန်မာစကားပုံမှာ မျက်စိအဆုံး နားအရှုံးလို့ ဆိုထားတာရှိပါတယ်။ ငွေကြေးနဲ့ ပြန်ဝယ်ဖို့ မလွယ်ကူတဲ့အထဲမှာ သင့်ရဲ့ မျက်လုံးလေးတွေက ထိပ်ဆုံးက ပါနေတာပါ။ ကိုယ့်အတွက် အရေးကြီးတဲ့ မျက်လုံးလေးတွေ အစဉ် ကျန်းမာနေအောင် ကြည်လင်တဲ့ မြင်ကွင်းတွေ ရရှိဖို့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို စမ်းလုပ်ကြည့်ရအောင်။

နေပူထဲ ထွက်စဉ်မှာ နေကာမျက်မှန်ဝတ်ဆင်ပါ

နေရောင်ခြည်ထဲမှာ ပါတဲ့ရောင်စဉ်တွေဟာ မျက်လုံးထဲက မျက်ကြည်လွှာကို ပျက်စီးစေပါတယ်။ ဒါ့အပြင် မျက်စိဝေခြင်း မျက်ရည်ပူ ကျခြင်းတွေကို ဖြစ်စေတာမို့ နေပူထဲထွက်ချိန်မှာ နေကာမျက်မှန် တပ်ပေးပါ။

နေပူထဲမှ ပြန်လာလာချင်း ခြေထောက်ကို ရေမဆေးပါနဲ့

တချို့တွေက နေပူထဲက ပြန်လာလာချင်း အိမ်ထဲမဝင်ခင် ခြေထောက်ဆေးလေ့ရှိပါတယ် ဒါက အလွန်ကို အန္တရာယ်ကြီးတဲ့ ကိစ္စပါ။ အပူထဲက ရောက်ရောက်ချင်း ခြေထောက်ဆေးခြင်းဟာ အပူတွေကို မျက်လုံးဆီရောက်အောင် ပို့ဆောင်တာမို့ မျက်စိကွယ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

မျက်လုံးကို သက်သောင့်သက်သာထားပါ

မိုဘိုင်းဖုန်း၊ ကွန်ပြူတာ၊ တယ်လီဗေးရှင်း စတဲ့အရာတွေကို အချိန်ပေါင်းများစွာ ကြည့်ခြင်းကိုရှောင်ပါ။ လှဲနေရင်း မိုဘိုင်းဖုန်းသုံးတာ စာအုပ်ဖတ်တာတွေဟာ မျက်စိသူငယ်အိမ်ကို စောင်းသွားစေနိုင်တာမို့ ဂရုစိုက်ဖို့ အကြံပေးပါရစေ။

မျက်လုံး အမြင်ကြည်နေအောင်

မျက်စိထဲမှာ ဝေဝေဝါးဝါးဖြစ်တာ မျက်စိအောင့်တာတွေအတွက် နည်းလမ်းကောင်းလေးပါ။

– မျက်စိကို ကွမ်းရွက်နွမ်းတဲ့အထိ အုံထားပေးပါ။ ကွမ်းရွက်က ရှိတဲ့အပူတွေကို စုပ်သွားတဲ့အတွက် မျက်စိလေးကြည်လင်စေမှာပါ။

– မျက်စိကို ရေဖတ်အေးဝတ်လေး တင်ထားပေးပါ။ ဒါကလည်း မျက်ခွံပေါ်က အကြောလေးတွေ ညောင်းတာ အောင့်တာကို ကုစားပေးတာမို့ ရေဖတ်အေးဝတ်လေး မျက်စိပေါ်ကိုမကြာခဏ တင်ထားပေးပါ။

– အာလူး၊ သခွားသီး ကပ်ပေးပါ။ တနေကုန် မျက်စိထဲ အောင်းနေတဲ့ အပူတွေကို ကင်းစင်စေဖို့ အာလူး သခွားသီးကပ်ပေးပါ။

ကဲ သူငယ်ချင်းတို့ရေ အပေါ်က အချက်အလက်လေးတွေဟာဆိုရင် ငွေလည်းမကုန်ပဲ အိမ်မှာတင် အလွယ်တကူပြုလုပ်နိုင်တာမို့ အားလုံးအတွက် အသုံးတည့်ဖို့ မျှော်လင့်ပါတယ်။ ဒီလို ဗဟုသုတရစရာလေးတွေကို အမြဲ ဖတ်ရှုနိုင်ဖို့ Yoyarlay Page လေးကို See First လုပ်ထားဖို့ မမေ့ပါနဲ့လို့။

ချမ်းချမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top