ကောဇောသန့်ရှင်းရေး အလုပ်သမားအနေနဲ့ အလုပ်လုပ်ခဲ့ဖူးတဲ့ ဂျက် မော်ရစ် ဆိုသူ ဗြိတိသျှလူမျိုး Travel Influencer ဟာ သူ့ရဲ့ကောင်မလေးနဲ့အတူ လူမှုကွန်ယက်အကောင့်ကနေ ရရှိခဲ့တဲ့ ဝင်ငွေတွေကို စုဆောင်းပြီး ဘာလီကျွန်းမှာ ပေါင် (၆၆၀,၀၀၀) တန်အိမ်ကို ဆောက်လုပ်နိုင်ခဲ့ပါတယ်။ ဂျက်ခ် မော်ရစ်က သူ့ကောင်မလေး လောရင့် ဘူလန်နဲ့ ဖီဂျီနိုင်ငံဘက် ခရီးထွက်ရင်း ၂၀၁၆ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာပါ။ အခုဆိုရင်သူတို့စုံတွဲက Travel Influcener အနေနဲ့ အင်စတာဂရမ်မှာ follower (၅) သန်းနီးပါးရှိနေပါပြီ။

သူတို့စုံတွဲက လူမှုကွန်ယက်အကောင့်ကနေ ရရှိတဲ့ဝင်ငွေတွေကို အသုံးပြုပြီး ၂၀၁၈ခုနှစ်က ဘာလီကျွန်းမှာ မြေဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာ အိပ်ခန်း (၃) ခန်း၊ ရေချိုးခန်း (၅) ခန်းပါတဲ့ ဇိမ်ခံအိမ်အကြီးစားကြီးကို ဆောက်လုပ်ခဲ့ကြပါတယ်။ သူတို့ရဲ့ငွေကြေးနဲ့ပတ်သက်ပြီး သူ့ follower တွေကို ဂျက်ခ် ပြောပြခဲ့တာက “ကျွန်တော်တို့က ရန်ပုံငွေရအောင် လုပ်လို့မရပါဘူး။ ကျွန်တော်တို့မိဘတွေက သာမန်အလုပ် တော်တော်များများရှိပါတယ်။ ကျွန်တော်တို့က စာချုပ်ချုပ်ထားတဲ့ brand တွေကနေတဆင့် ငွေဝင်အောင်လုပ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ငွေတွေကို ဘဏ်မှာစုထားပြီး ဘာလီမှာ အိမ်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်”တဲ့။

မြေဝယ်တာနဲ့ အိမ်ဆောက်တာအပါအဝင် ကုန်ကျစာရိတ်က ပေါင် (၆၆၀,၀၀၀) ဖြစ်ပါတယ်။ လက်ရှိ Lockdown ချထားတဲ့အတွက် သူတို့စုံတွဲဟာ ခရီးတွေမထွက်ရဘဲ ဘာလီကျွန်းကအိမ်ကြီးမှာ နေထိုင်နေရပေမယ့် အလုပ်အတွက် ကမ္ဘာပတ် ခရီးသွားနေတဲ့အခါမှာ အိမ်ကို ကြည့်ပေးဖို့ ဝန်ထမ်းငှားထားပြီးသားပါ။ “ကျွန်မတို့ အဝေးရောက်နေအခါ အိမ်ကို စောင့်ရှောက်ပေးနိုင်ဖို့အတွက် အချိန်ပြည့်ဝန်ထမ်းတွေ ခန့်ထားပါတယ်။ ကျွန်မတို့က ဒေသခံတွေကို အိမ်စေတစ်ယောက်၊ ဥယျာဉ်မှူးတစ်ယောက်၊ ရေကူးခန်းထိန်းသိမ်းပေးသူတစ်ယောက်၊ (၂၄) နာရီလုံခြုံရေးဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်ပေးထားပါတယ်။ ကျွန်မတို့ရဲ့ငွေတွေအားလုံးကို စောင့်ရှောက်ပေးမယ့် လူတစ်ယောက်ရှိပါတယ်။ ကျွန်မတို့က ဒေသခံတွေကို အလုပ်တွေ ပေးနေတာပါ”လို့ လောရင့်က ပြောပါတယ်။


ဂျက်ခ်နဲ့ လောရင့်တို့ဟာ စိတ်ကူးထဲက အိမ်လေးကို အကောင်အထည်မဖော်ခင်မှာ ဘာလီမှာ အဆောက်အဦးတွေကို ငှားရမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ သူတို့ဓာတ်ပုံတွေအတွက် နောက်ခံရှုခင်းဖြစ်ပေမယ့် ဓာတ်ပုံစားတဲ့ အဆောက်အအုံမှာပဲ ငွေတွေ ရင်းနှီးမြှုပ်နှံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ပေါင် (၆၆၀,၀၀၀) တန်အိမ်ကြီးမှာ ထမင်းစားပွဲက လူ (၁၀) ဦးဆံတဲ့အပြင် ဧည့်ခန်းကလည်း အကျယ်ကြီးပါပဲ။ COVID ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ Lockdown ချလိုက်တဲ့ မတ်လမှာ ဂျက်ခ်နဲ့ လောရင့်တို့ရဲ့ Follower တွေက သူတို့ရဲ့အဆင့်အတန်း မြင့်လူနေမှုစတိုင်နဲ့ပတ်သက်ပြီး ကြွားဝါနေကြတယ်လို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ Lockdown ချကတည်းက သူတို့ရိုက်ခဲ့တဲ့ ပထမဆုံးပုံကတော့ ဂျက်ခ်က အလန်းစားဧည့်ခန်းထဲမှာ Mariooo Kart ကစားနေတဲ့ပုံပါပဲ။ ပုံမှာ ရေးထားတဲ့စာသားက “ဘာလီမှာ ဒီလို သီးခြားနေထိုင်နေကြတာပါ။ Netflix နဲ့ Mario Kart တွေက အခုဆိုရင် ကျွန်တော့်ရဲ့ဘဝပါ”တဲ့။

ဂျက်ခ်နဲ့ လောရင့်တို့စုံတွဲက ပေါင် (၂၄၀၀) ထက်နည်းတဲ့ စပွန်ဆာပို့စ်တွေကို လက်မခံပါဘူး။ ဂျက်ခ်က (၂) ရက်တာရိုက်ရတဲ့ ဗီဒီယိုအတွက် ကန်ဒေါ်လာ (၃၅,၀၀၀) ယူတယ်လို့ ဆိုပါတယ်။
Ref: Brit blogger reveals he has 24 hour security & ‘someone to sort bills’ at £660k Bali mansion funded by Insta earnings
WL (ရိုးရာလေး)

