ငွေကြေးအဆင်မပြေတဲ့ ကျောင်းသား/သူတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ စတိုးဆိုင်မှာ ညဆိုင်း အလုပ်ဆင်းတဲ့ ကျောင်းအုပ်ကြီးဟာ လူအများရဲ့ ချီးကျူးဂုဏ်ပြုခြင်း ခံနေရပါတယ်။
အမေရိကန်နိုင်ငံ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်၊ နော့ခ်ချားစတန်အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဟန်နရီဒါဘီဟာ ည ၁၀ နာရီကနေ မနက် ၇ နာရီအထိ တစ်ပတ် ၃ ရက်နှုန်းနဲ့ Walmart စတိုးဆိုင်မှာ ညဆိုင်း အလုပ်ဆင်းပါတယ်။

အဲဒီလုပ်အားခငွေကို စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ကျောင်းသား/သူတွေအတွက် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ကိုယ်ကျိုးမဖက်တဲ့ သူ့ရဲ့ လုပ်ရပ်အကြောင်း သတိထားမိသွားချိန်မှာ Walmart စတိုးဆိုင်က အမေရိကန်ဒေါ်လာ ၅၀၀၀၀ လှူဒါန်းပေးခဲ့ပြီး အခြားအလှူရှင်တွေက အမေရိကန်ဒေါ်လာ ၁၉၅၀၀၀ အထိ ထည့်ဝင်လှူဒါန်းပေးခဲ့ကြပါတယ်။
ဒါ့အပြင် ကျောင်းအုပ်ကြီး ဟန်နရီဒါဘီဟာ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်မှာ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ Order of the Palmetto ဆုပါ ချီးမြှင့်ခံခဲ့ရပါတယ်။
Ref: School Principal Took On Night Shifts At Walmart To Earn Money & Help Students Facing Financial Difficulties.
NZ ( ရိုးရာလေး)