ရဲစခန်းမှာ အလုပ်သွားလျှောက်မိလို့ အဖမ်းခံရတဲ့ ဝရမ်းပြေး

9-19-2022-yyl-41.jpg

သောမတ်စ်အန်ကိုဘိုက ပစ္စည်းလိုက်ပို့တဲ့သူ။ ၂၀၁၅ ခုနှစ်တုန်းက အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်တန်တဲ့ hardware ပစ္စည်းတွေကို ပို့ရမယ့်နေရာ မပို့ဘဲ တခြားနေရာကို ရောင်းစားပစ်ခဲ့လို့ သူ့မန်နေဂျာက ရဲစခန်းမှာ တိုင်ချက်ဖွင့်တယ်။ အဲဒီကတည်းက အဖမ်းခံရမှာစိုးလို့ အန်ကိုဘို ပျောက်သွားလိုက်တာ ၇ နှစ်ကျော် ကြာခဲ့တယ်။

ဒါပေမဲ့ သြဂုတ်လ ၁၅ ရက်မှာ ရဲစခန်းထဲကို အန်ကိုဘို ဝင်လာလို့ ရဲတွေ အံ့အားသင့်ကုန်တယ်။ ရဲတပ်ဖွဲ့ဝင်သစ်တွေ ခေါ်နေလို့ သူ လျှောက်ထားတာ . . . ဘာမှ အကြောင်းမပြန်လို့ အခြေအနေ သိရအောင် လာမေးတာတဲ့။ အန်ကိုဘိုက အလုပ်မရတဲ့အပြင် အဖမ်းခံလိုက်ရတယ်။ သူက ရဲတပ်ဖွဲ့ရဲ့ အလိုရှိသူစာရင်း ဝင်နေတာကိုး။

ဒါက တောင်အာဖရိကနိုင်ငံ အမ်ပူမာလန်ဂါမြို့ရဲစခန်းမှာ တကယ်ဖြစ်သွားတဲ့ ငိုအားထက် ရယ်အားသန်ဖြစ်ရပ်။ ဒါကြောင့်လည်း ဒီသတင်း ပျံ့နှံ့သွားချိန်မှာ အမ်ကိုဘိုက တောင်အာဖရိကရဲ့ အနုံဆုံးရာဇဝတ်သားလို့ နာမည်ကျော်သွားခဲ့ပါတယ်။

Ref: South Africa’s dumbest criminal Thomas Ngcobo

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top