အမဲသားပရိုတိန်းဓာတ်နဲ့ အဆီဆဲလ် ပေါင်းစပ်ဖန်တီးထားတဲ့ ဆန်တစ်မျိုးကို ကိုရီးယားသိပ္ပံပညာရှင်တွေ တီထွင်

20.2.24-yyl-3.jpg

အမဲသားမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်၊ အဆီဆဲလ်တွေ ပေါင်းစပ်ထားပြီး ပန်းရောင်အဆင်းရှိတဲ့ ရောနှောဆန်တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ယွန်ဆိုင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက တီထွင်ဖန်တီးခဲ့ပါတယ်။ တောင်ကိုရီးယားသိပ္ပံပညာရှင်တွေ ဖန်တီးတဲ့ ရောနှောဆန်ဟာ သာမန်ဆန်တွေထက် ပရိုတိန်းဓာတ် ၈ ရာခိုင်နှုန်း၊ အဆီဓာတ် ၇ ရာခိုင်နှုန်း ပိုမိုပါဝင်ပြီး အမဲသားလို အရသာမျိုး ရှိမှာပါ။

ပရိုတိန်းဓာတ်၊ အဆီဆဲလ်တွေ ပေါင်းစပ်ထားတဲ့ ဆန်ဟာ တချိန်ကျရင်တော့ ဟင်းမလိုဘဲ ထမင်းချည်းသီးသန့်စားနိုင်တဲ့ အနေအထားဖြစ်လာမှာပါ။ ဓာတ်ခွဲခန်းမှာ မွေးမြူထားတဲ့ ဆဲလ်တွေကို တစ်သျှူးဖြစ်လာအောင် ငြမ်းစင်ပေးပြီး စိမ့်ဝင်ပျံ့နှံ့လွယ်တဲ့ ဆန်ထဲကို ပေါင်းစပ်ထည့်သွင်းလိုက်တာပါ။ ဆန်ထဲကို အမဲသားဆဲလ်တွေ ပေါင်းစပ်ဝင်ရောက်သွားနိုင်စေဖို့အတွက် ဆန်ကို ငါးအကြေးခွံကရတဲ့ အဆီထဲ ၁၁ ရက်ကြာ စိမ်ထားတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဆန်ရဲ့ အရသာ အပြောင်းအလဲဖြစ်စေဖို့ ဆန်ကို တခြားအသား သို့မဟုတ် တခြားငါးအဆီတွေနဲ့ စိမ်ပြီး ဆဲလ်ပေါင်းစပ်ဖို့လည်း ပြင်ဆင်နေပါတယ်။

Ref: South-Korean Researchers Create Beef-Infused Super Rice

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply