SpaceX က Starship ဒုံးပျံbooster ကို အောင်မြင်စွာ ဖမ်းပြနိုင်ခဲ့

17.1.2025-yyl-10.jpg

ကမ္ဘာ့အကြီးဆုံးနဲ့ အားအကောင်းဆုံးလို့ သတ်မှတ်ခံထားရပြီး ပေ ၄၀၀ ရှည်လျားတဲ့ Starship ဒုံးပျံကို SpaceX ကုမ္ပဏီက စမ်းသပ်လွှတ်တင်ခဲ့ပြီး မြေပြင်ပေါ် ပြန်ကျလာတဲ့ ဒုံးပျံ booster ကို အောင်မြင်စွာ ဖမ်းပြနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်အချိန်က တက္ကဆက်မြို့ တောင်ပိုင်း ဘိုကာချီကာအရပ်ကနေ ဒုံးပျံလွှတ်တင်ခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ ဒုံးပျံ booster ကို ဒုံးလွှတ်စင်မြင့်မှာရှိတဲ့ စက်လက်တံနှစ်ခုက အောင်မြင်စွာ ပြန်လည်ဖမ်းယူနိုင်ခဲ့တာပါ။ SpaceX ကုမ္ပဏီဟာ မြေပြင်ပေါ် ပြန်ကျလာတဲ့ ဒုံးပျံ booster ကို ဒုတိယအကြိမ် အောင်မြင်စွာ ပြန်လည်ဖမ်းယူပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Starship ဒုံးပျံလွှတ်တင်ရာမှာ မြေပြင်ထိန်းချုပ်ရေးစခန်းနဲ့ ၈ မိနစ်ခွဲလောက် အဆက်အသွယ်ပြတ်သွားခဲ့တယ်လို့ SpaceX ကုမ္ပဏီက ဆိုပါတယ်။ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ Starship ဒုံးပျံဟာ တစ်နာရီ ၁၃၂၄၅ မိုင်နှုန်းနဲ့ အမြင့် မိုင် ၉၀ အကွာကို ရောက်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

Ref: SpaceX Starship rocket ‘lost’ minutes after booster was caught on the ground
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top