ပေါင် ၃၈၆,၀၀၀ တန် အိမ်တစ်လုံးကို မောင်နှမတွေနဲ့ စပ်တူဝယ်ယူခဲ့တဲ့ ၆ နှစ် သမီးလေး

6-5-2022-yyl11.jpg

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့က (၆) နှစ်သမီးလေး ရူဘီက သူ့ရဲ့မွေးချင်းမောင်နှမတွေဖြစ်တဲ့ ဂူစ်၊ လူစီတို့နဲ့အတူ ကိုယ်ပိုင်မြေနဲ့အိမ်ပိုင်ဆိုင်မှုတစ်ခုရှိဖို့အတွက် သူတို့ရဲ့မုန့်ဖိုးလေးတွေစုပြီး အိမ်တစ်လုံးဝယ်ယူခဲ့ကြပါတယ်။ အဲဒီအိမ်နဲ့ မြေနေရာက မဲလ်ဘုန်းမြို့အရှေ့တောင်ဘက်ရဲ့ကျေးလက်ဒေသမှာ တည်ရှိပါတယ်။ တန်ကြေးအားဖြင့် ဒေါ်လာ ၆၇၁,၀၀၀ (ပေါင် ၃၈၆,၀၀၀) ရှိပါတယ်။

ဖခင်ဖြစ်သူ ကမ်မက်လဲလန် (Cam McLellan) က အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကလေးတွေ အိမ်ဝယ်ယူရာမှာ ကူညီပေးခဲ့ပါတယ်။ သူ့ကလေးတွေကို သူတို့ရဲ့ပထမဆုံးအိမ်ဝယ်ယူဖို့ ဘဏ်အပ်ငွေအတွက် ငွေစုဆောင်းဖို့ ဘယ်လိုတွေတွန်းအားပေးခဲ့ရလဲဆိုတာကို ကမ်က ပြောပြပါတယ်။ “ကလေးတွေက တစ်ယောက်ကို ဒေါ်လာ ၂၀၀၀ စီ ထည့်ဝင်ကြပြီး အဲဒီငွေတွေ တဖြည်းဖြည်းနဲ့များလာအောင် စုခဲ့ကြတယ်”လို့ ကမ်က ပြောပါတယ်။

ကလေး (၃) ဉီးက အိမ်အလုပ်တွေကူညီပြီး ရလာတဲ့ ပိုက်ဆံတွေကို သူ့အဖေရဲ့ငွေစုဆောင်းနည်းလမ်းညွှန်ချက် လိုက်နာကာ စုဆောင်းနိုင်ခဲ့ကြပါတယ်။ ကလေးတွေက အိမ်ဝယ်ဖို့ ပထမဆုံးပေးငွေကို ကိုယ်ပိုင်ဘဏ်အကောင့်ထဲကနေ ထုတ်ယူခဲ့တာလား (ဒါမှမဟုတ်) သူ့အဖေရဲ့ ဘဏ်အကောင့်ထဲကနေ ပေးခဲ့တာလားဆိုတာ သေချာမသိရပါဘူး။
ဗြိတိန်နိုင်ငံမှာတော့ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးတဲ့သူတွေက မြေနေရာ (သို့) အိမ်တွေကို တရားဝင်ပိုင်ဆိုင်ခွင့် မရပါဘူး။ ကမ်ကတော့ဆယ်စုနှစ်တစ်ခုအတွင်း သူ့ကလေးတွေ ဝယ်ယူခဲ့တဲ့ အိမ်ရဲ့တန်ဖိုးက ဒေါ်လာ ၁၃၄၂,၀၀၀ (ပေါင် ၇၇၀,၀၀၀) အထိ နှစ်ဆတိုးလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ကလေးတွေက အခုဝယ်ယူခဲ့တဲ့အိမ်ကို ၂၀၂၃ခုနှစ်မှာ ရောင်းပြီး အမြတ်အစွန်းကို ခွဲမယူခင် နောက်ထပ်ဆယ်စုနှစ်တစ်ခုအထိ ဒီအတိုင်းထားဖို့ စီစဉ်ထားကြပါတယ်။ မကြာသေးခင်က သြစတြေးလျနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် အပြောင်းအလဲကြောင့် သူတို့ကလေးတွေ အရွယ်ရောက်လာရင် အိမ်မဝယ်နိုင်ကြမှာကို မိဘတွေက စိုးရိမ်ပူပန်နေကြပါတယ်။

Ref: TheSun “SPENDY HOUSE Girl, 6, and her siblings buy £386,000 HOME and it could be worth double by the time she’s 16… here’s how they did it”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top