အမှိုက်ကောက်အားကစားကို ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ကျင်းပမယ့် ဂျပန်နိုင်ငံ

25.2.2023-image-1.jpg

သွားလေရာမှာ အမှိုက်တစ်စ မကျန်အောင် သိမ်းဆည်းပေးလေ့ရှိပြီး စည်းကမ်းကောင်းတဲ့ လူမျိုးအဖြစ် ကျော်ကြားတဲ့ ဂျပန်တွေကတော့ အမှိုက်ကောက်တာကို အားကစားနည်းတစ်ရပ်အဖြစ် ပုံဖော်လိုက်ပါပြီ။

SpoGomi ဆိုတာ အမှိုက်ကောက်အားကစားလို့ အဓိပ္ပာယ်ရပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလကျရင် ဂျပန်နိုင်ငံက အမှိုက်ကောက်အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတော့မှာပါ။
တိုကျိုမြို့မှာ လက်ခံကျင်းပမယ့် အမှိုက်ကောက်အားကစား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းက အသင်းတွေ ပါဝင်ကြဖို့ရှိပြီး တစ်သင်းကို ၃ ယောက် ပါဝင်ကစားမှာပါ။ အမှိုက်ကောက်ရမယ့် နေရာတွေ သတ်မှတ်ပေးထားမှာဖြစ်ပြီး မိနစ် ၆၀ အတွင်း အမှိုက်ကောက်ကာ အမှိုက်တွေကို မီးရှို့ရမယ့်အမျိုးအစား၊ ပြန်လည်အသုံးပြုနိုင်တဲ့ အမျိုးအစား၊ ပလတ်စတစ်၊ သံဘူး အစရှိသဖြင့် အမျိုးအစား ခွဲခြားပေးရမှာပါ။

အမှိုက်တွေကို အမှတ်သတ်မှတ်ပေးထားပြီး စီးကရက်ဖင်စီခံက အမှတ်အများဆုံးဖြစ်ပါတယ်။ အမှတ်အများဆုံးရရှိတဲ့အသင်းက အနိုင်ရမှာပါ။ ဂျပန်နိုင်ငံဟာ ၂၀၀၈ ခုနှစ်ကတည်းက အမှိုက်ကောက်အားကစားပွဲတွေကို ဒေသတွင်းမှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး အချိန်တိုအတွင်း စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ အားကစားနည်းတစ်ရပ်လည်း ဖြစ်ပါတယ်။

Ref:SpoGomi – How Japan Turned Collecting Trash Into a Competitive Sport

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply