(၉၁) အရွယ်စစ်ပြန်ကြီးတစ်ဦးရဲ့အထီးကျန်ဆန်မှုကို ဖြေသိမ့်ပေးခဲ့တဲ့စားပွဲထိုးလူငယ်

intl_01.jpg

တစ်ယောက်တည်းထိုင်စားနေရတဲ့အမျိုးသားတစ်ဦးကို အဖော်ပြုပေးခဲ့တဲ့ စားပွဲထိုးကောင်လေး

ပင်ဆယ်ဗေးနီးယားပြည်နယ်က Eat’n Park စားသောက်ဆိုင်မှာ တစ်ယောက်တည်းထိုင်စားနေရတဲ့ အသက် (၉၁) နှစ်အရွယ် စစ်မှုထမ်းဟောင်းတစ်ဦးကို စားပွဲထိုးကောင်လေးက စကားစမြည်းပြောပြီးအဖော်ပြုပေးခဲ့တဲ့ ပုံတွေဟာ အင်တာနက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့သွားခဲ့ပြီး စားပွဲထိုးကောင်လေးက သူ့ရဲ့အကြင်နာတရားကြောင့် နာမည်ကြီးလို့နေပါတယ်။

အမျိုးသားတစ်ဦးကို အသက် (၂၄) နှစ်အရွယ် ဒါလန် တီတိုင် (Dylan Tetil) ဆိုတဲ့ စားပွဲထိုးကောင်လေးက အဖော်ပြုပေးနေတဲ့ မြင်ကွင်းကို Eat’n Park စားသောက်ဆိုင်မှာ မိသားစုနဲ့အတူ ညစာ စားနေခဲ့တဲ့ လီဇာ မိုင်လန်ဒါ (Lisa Meilandar) ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မြင်သွားခဲ့တာပါ။ သူတို့နှစ်ဦးစကားစမြည်းပြောနေတဲ့ပုံတွေကို အဲဒီအမျိုးသမီးက ရိုက်ကူးခဲ့ပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့ပါတယ်။

သူ့ရဲ့ပို့စ်မှာ အဲဒီအမျိုးသားဝင်လာတာကိုတော့ သူတို့မမြင်ခဲ့ကြောင်း၊ ဒါပေမဲ့ ဒါလန်က အဲဒီအမျိုးသားဆီသွားပြီး အမှာလက်ခံတာကိုတော့ သတိပြုမိခဲ့ကြောင်း၊ နားမကြားရတဲ့အတွက် အမျိုးသားက တောင်းပန်ခဲ့ကြောင်း၊သူက နားကြားကိရိယာမေ့ကျန်ခဲ့ကြောင်း၊ စစ်ပွဲကာလတုန်းက ဘယ်လိုအကြားအာရုံဆုံးရှုံးခဲ့ြကောင်း၊ သူ့ရဲ့ဇာတ်လမ်းတော်တော်များများကိုလည်း ပြောခဲ့ကြောင်း၊ ဒါလန်က စိတ်ရှည်ရှည်နဲ့ အာရုံစိုက်နားထောင်ပေးခဲ့ကြောင်း၊ နောက်ပိုင်းမှာ စကားအရမ်းကြီးပြောခဲ့တဲ့အတွက် တောင်းပန်ခဲ့ကြောင်း၊ သူနဲ့ စကားအတူပြောပေမဲ့သူမရှိဘူးလို့ အမျိုးသားက ပြောခဲ့ကြောင်း၊ ဒါလန်ကလည်း နားထောင်ရတာကြိုက်တယ်လို့ ပြုံးပြီးပြောခဲ့ကြောင်း ရေးသားထားပါတယ်။

စာပွဲထိုးကောင်လေးက မီးဖိုခန်းထဲမပြန်သွားခင်မှာ အဲဒီအမျိုးသား မှာထားတဲ့အစားအစာကို ပေးခဲ့တယ်။ အဲဒီနေ့က သူတို့နှစ်ယောက် စကားပြောတာကို ခိုးပြီးနားထောင်တာ သူ တစ်ယောက်တည်းမဟုတ်ပဲ ကျန်တဲ့သူတွေလည်း စိတ်ဝင်စားနေတာကို သတိထားမိခဲ့ပါတယ်လို့ လီဇာက ဆိုပါတယ်။

အဘိုးအိုမှာထားတဲ့အစားစာကို ဒါလန်ပေးခဲ့ပြီးနောက်မှာပြန်လာခဲ့ပါတယ်။ အဲဒီနောက်သူ ခဏနားတယ်လို့ ပြောပြီး သူ့ဘေးမှာ ထိုင်လို့ရမလားလို့ မေးခဲ့ပါတယ်။ သူ စားသောက်ဆိုင်က ထွက်သွားတဲ့တိုင်အောင် သူတို့နှစ်ယောက် စကားပြောနေခဲ့ပြီး သူတို့အနီးနားမှာ ထိုင်နေတဲ့လူတော်တော်များများကလည်း ပြုံးနေခဲ့တယ်လို့ လီဇာက ပြောပါတယ်။

လီဇာ တင်လိုက်တဲ့ ပို့စ်က Like (၂၃၅၀၀၀) နဲ့ Share (၆၉၀၀၀) ကျော် ရရှိခဲ့ပါတယ်။ ကွန်မန့်ပေးတဲ့သူထောင်ပေါင်းများစွာကလည်း ဒါလန်ကို ချီးမွမ်းခဲ့သလို ဒီဇာတ်လမ်းလေးကို မျှဝေပေးတဲ့ လီဇာကို ကျေးဇူးတင်ခဲ့ပါတယ်။

စားပွဲထိုးလေး ဒါလန်က တက္ကသိုလ်ကျောင်းသားလေးဖြစ်ပြီး စားသောက်ဆိုင်မှာ အလုပ်လုပ်နေတာ (၃) လရှိပါပြီ။ ဒါလန်က အဲဒီအမျိုးသားကို အရင်တုန်းက မတွေ့ဖူးကြောင်း ပြောပါတယ်။ စားသောက်ဆိုင်က ဝန်ထမ်းတွေက သူ့ရဲ့နာမည်ကို မသိပေမယ့်လည်း ပုံမှန်လာတဲ့ဧည့်သည်ဖြစ်နိုင်တယ်လို့ ယုံကြည်ထားကြသလို စားသောက်ဆိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ကယ်ဗင် အို ကော်နယ် (Kevin O’Connell) ကလည်း အဲဒီအမျိုးသား ပြန်လာစားဖို့မျှော်လင့်ကြောင်း ပြောပါတယ်။

Ref: Dailymail ‘It was a touching sight’: Viral photos capture the heartwarming moment a waiter sat and bonded with a 91-year-old WWII veteran who was sitting alone in the restaurant’

WL (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top