နယ်သာလန် အမျိုးသမီးတစ်ယောက်ဟာ သူ့ချစ်သူ(ဟောင်း)ရဲ့အတင်းအကြပ် ခိုင်းစေမှုကြောင့် မျက်နှာအပါအဝင် ခန္ဓာကိုယ် အနှံ့အပြားမှာ ရေးထိုးထားတဲ့ တက်တူး ၂၅၀ နီးပါးကို ဖယ်ရှားနိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်။
သူမရဲ့ချစ်သူဟောင်းဟာ အွန်လိုင်းပေါ်ကနေ ဈေးပေါပေါ တက်တူးထိုးစက် ဝယ်ယူခဲ့ပြီး အမျိုးသမီးရဲ့ ခန္ဓာကိုယ် အနှံ့အပြားမှာ တက်တူးတွေ အတင်းအကြပ် ရေးထိုးစေခဲ့တာပါ။ အခြားအမျိုးသားတွေ ထိတွေ့ ကိုင်တွယ်မယ်လို့ ယူဆရတဲ့ ရင်သား၊ တင်ပါး အစရှိတဲ့ နေရာတွေမှာလည်း ” ငါ့ ပိုင်ဆိုင်မှု”ဆိုတဲ့ စာသားအပါအဝင် သူ့ရဲ့နာမည်၊ သူ့ရဲ့နာမည်အစ စကားလုံးတွေကို ရေးထိုးခဲ့ပါတယ်။
အမျိုးသမီးဟာ ဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး နယ်သာလန် အာဏာပိုင်တွေထံ တိုင်ကြားခဲ့ပေမဲ့ (နှစ်ဦး သဘောတူလို့ တက်တူးထိုးခဲ့တာဆိုတဲ့ အမျိုးသားရဲ့ ဖြေရှင်းချက်ကြောင့်) တစုံတရာ အရေးယူခံရခြင်း မရှိဘူးလို့ ဆိုပါတယ်။
Joke လို့ အမည်ဖော်ပြတဲ့ သက်လတ်ပိုင်း ဒီအမျိုးသမီးဟာ Stichting Spijt van Tattoo အဖွဲ့ရဲ့ အကူအညီနဲ့အတူ ခန္ဓာကိုယ်အနှံ့အပြားက တက်တူးတွေကို ဖယ်ရှားလျက်ရှိပြီး အခုနှစ်ကုန်ရင် တက်တူအားလုံးကို ဖယ်ရှားပစ်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။
Ref: Controlling Boyfriend Tattoos His Name Dozens of Times on Woman’s Body, Including Her Face
NZ (ရိုးရာလေး)

