ဘာလင်မာရသွန်မှာ ကမ္ဘာ့စံချိန်သစ်တစ်ခု ရေးထိုးလိုက်နိုင်တဲ့ ကင်ညာအပြေးသမား

800x-1.jpg

အသက် ၃၃ နှစ်အရွယ် ကင်ညာနိုင်ငံသားအပြေးသမား Eliud Kipchoge ဟာ ယမန်နေ့က ကျင်းပခဲ့တဲ့ ဘာလင်မာရသွန်မှာ ၂ နာရီ ၁ မိနစ် ၃၉ စက္ကန့် နဲ့ ပန်းဝင်ဗိုလ်စွဲခဲ့ပြီး

ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ အိုလံပစ်ချန်ပီယံလည်းဖြစ်တဲ့ Kipchoge ဟာ တစ်နိုင်ငံတည်းသား Dennis Kimetto ၂၀၁၄ ခုနှစ်တုန်းက တင်ထားခဲ့တဲ့စံချိန်ကို ၁ မိနစ် ၁၈ စက္ကန့် အသာနဲ့ ချိုးဖျက်ပြခဲ့တာပါ။

၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် မာရသွန်တွေမှာလည်း ဗိုလ်စွဲထားခဲ့သူဖြစ်တဲ့ Kipchoge က “အခုလို ကမ္ဘာ့စံချိန်သစ်တစ်ခုတင်လိုက်နိုင်လို့ ကျွန်တော် အကြီးအကျယ်ကို ဂုဏ်ယူပျော်ရွှင်မိတာကို ဘယ်လိုပြောပြရမှန်းတောင် မသိပါဘူး” လို့ ပြိုင်ပွဲအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

Kipchoge ကို အကြီးကျယ်ဆုံး ခေတ်သစ်မာရသွန်အပြေးသမားအဖြစ် ရှုမြင်နေကြပြီဖြစ်ပြီး ပြိုင်ပွဲမှာလည်း သူက ပြိုင်ဘက်တွေကို ခပ်စောစောပဲ နောက်ကောက်ချကာ သူ့ရဲ့စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

သူဟာ လက်ရှိအချိန်အထိ ပါဝင်ယှဉ်ပြိုင်ထားခဲ့သမျှ မာရသွန် ၁၁ ပွဲမှာ ၁၀ ပွဲအထိကို ဗိုလ်စွဲထားခဲ့ပြီး ၂၀၁၆ ရီယို ဒီ ရနဲရိုး အိုလံပစ်မှာလည်း ရွှေတံဆိပ်ဆု ဆွတ်ခူးထားသူတစ်ဦး ဖြစ်ပါတယ်။

Ref: SkyNews “

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top