လူ့ဆံပင် အသုံးပြုပြီး ပြုလုပ်ထားဖွယ်ရှိတဲ့ ဆံပင်တုလို အလှကုန်ပစ္စည်း အလေးချိန် ၁၃ တန် ကို နယူးယော့ခ်ဆိပ်ကမ်းမှာ အမေရိကန်နိုင်ငံ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး အရာရှိတွေက သိမ်းဆည်းခဲ့ပါတယ်။ အဲဒီအလှကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံ ရှင်ကျန်းဒေသကနေ တင်ပို့ခဲ့တာဖြစ်လို့ ရှင်ကျန်းဒေသမှာ အတင်းအကျပ် ခိုင်းစေမှု၊ အကျဉ်းချမှု စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ဖွယ်ရှိတယ်ဆိုတာ အချက်ပြနေတယ်လို့ အမေရိကန်နိုင်ငံ အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။ အဲဒီအလှကုန်ပစ္စည်းတွေဟာ အမေရိကန်ဒေါ်လာ ၈၀၀၀၀၀ ကျော် တန်ဖိုးရှိပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှင်ကျန်းဒေသမှာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကားရှိတဲ့ ဝီဂါမျိုးနွယ် ၁၁ သန်းနီးပါး နေထိုင်ကြပါတယ်။ ရှင်ကျန်းဒေသရဲ့ ထိန်းသိမ်းရေးစခန်း ကွန်ရက်တွေမှာ ဝီဂါမျိုးနွယ် တစ်သန်းကျော် ထိန်းသိမ်းခံထားရဖွယ်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ အခုနှစ်အတွင်း အကျဉ်းသားတွေရဲ့ ဆံပင်တွေကို အသုံးပြုပြီး ထုတ်လုပ်ထားဖွယ်ရှိတဲ့ တရုတ်နိုင်ငံထုတ် ကုန်ပစ္စည်းတွေကို အမေရိကန်မှာ သိမ်းဆည်းရမိခဲ့တာ ၂ ကြိမ်ရှိပါပြီ။
Nz (ရိုးရာလေး)