ခြေဖဝါးတွေကို ရှေ့နောက်ပြောင်းပြန်လှည့်ပြပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့တဲ့ အမျိုးသမီး

4.5.2023-yyl-9.jpg

အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုနိုင်ငံက အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ခြေဖဝါးတွေကို ၁၈၀ ဒီဂရီနီးပါး ရှေ့နောက်ပြောင်းပြန်လှည့်ပြီးတော့ ကမ္ဘာ့ဂင်းနက်စ်စံချိန်ချိုးခဲ့ပါတယ်။ ကဲလ်ဆေး ဂရက်ဘ် အမည်ရတဲ့ အဲဒီအမျိုးသမီးက သူ့ခြေဖဝါးကို ၁၇၁ ဒီဂရီလှည့်နိုင်တဲ့အတွက် ခြေထောက်လှည့်နိုင်ဆုံးအမျိုးသမီးအဖြစ် စံချိန်ချိုးခဲ့တာပါ။

ကဲလ်ဆေးက စာကြည့်တိုက်မှာ အလုပ်လုပ်နေစဉ် ကမ္ဘာ့ဂင်းနက်စ်မှတ်တမ်းစာအုပ်အသစ် (၂၀၂၁) ကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦးက တွေ့ပြီး စာအုပ်ကို လှန်လှောကြည့်လိုက်တဲ့အချိန် ခြေဖဝါးကို လှည့်နိုင်ဆုံးစံချိန်ကို ဖတ်မိသွားခဲ့တာပါ။ အဲဒီကနေ ကဲလ်ဆေးလည်း သူ့ရဲ့ခြေဖဝါးလှည့်နိုင်တဲ့စွမ်းရည်ကို သတိထားမိသွားခဲ့တာပါ။ သူက စာရွက်တစ်ရွက်ပေါ်မှာ ရပ်ပြီး သူ့ခြေဖဝါးကို လှည့်ကြည့်ခဲ့ပါတယ်။

သူ့ခြေဖဝါးကို ရှေ့နောက်ပြောင်းပြန်လှည့်နိုင်တဲ့အတွက် ဒီစံချိန်ချိုးဖို့ အခွင့်အရေးရခဲ့ပါတယ်။
ခြေဖဝါးရှေ့နောက်ပြောင်းပြန်လှည့်နိုင်ဆုံးအမျိုးသားဆိုတဲ့စံချိန်ကိုတော့ အမေရိကန်နိုင်ငံ၊ ယူတာပြည်နယ်က အာရွန် ဖို့ဒ်က ကိုင်ဆောင်ထားပါတယ်။ သူကတော့ သူ့ခြေဖဝါးကို ၁၇၃.၀၃ ဒီဂရီ လှည့်နိုင်ပါတယ်။

Ref: Woman Breaks Guinness World Records By Rotating Her Feet Back-To-Front

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top