အီသီယိုးပီးယားနိုင်ငံရဲ့ ဆည်ရေဖြည့်တဲ့ လုပ်ရပ်ကို ဆူဒန်နိုင်ငံ ရှုတ်ချ

17-7-2020-yyl-008.jpg

အီသီယိုးပီးယားနိုင်ငံရဲ့ Grand Renaissance ဆည် အနောက်ဘက်မှာရှိတဲ့ ရေလှောင်တမံကို ရေဖြည့်နေချိန်မှာ နိုင်းမြစ်ရေမျက်နှာပြင် ကျဆင်းခဲ့တယ်လို့ ဆူဒန်နိုင်ငံက ထုတ်ပြောခဲ့ပြီး အခုလို တစ်ဖက်သတ်ဆန်တဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ အီဂျစ်နိုင်ငံကလည်း အီသီယိုးပီးယားနိုင်ငံကို အချိန်တိုအတွင်း တရားဝင်ဖြေရှင်းချက် ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အီသီယိုးပီးယားနိုင်ငံရဲ့ ဧရာမဆည်ကြီးကြောင့် နိုင်းမြစ်အောက်ပိုင်းမှာရှိတဲ့ သူတို့နိုင်ငံတွေကို ရေစီးဆင်းမှုလျော့နည်းသွားမှာကို ဆူဒန်နဲ့ အီဂျစ်နိုင်ငံတွေက စိုးရိမ်နေပါတယ်။ အီသီယိုးပီးယားနိုင်ငံကတော့ ရေအားလျှပ်စစ်စီမံကိန်းဟာ သူတို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လျှပ်စစ်ဓာတ်အားပေးဝေမှု တိုးတက်လာဖို့အတွက် အဓိကကျတယ်လို့ သတ်မှတ်ထားပါတယ်။

အခုတစ်ပတ်အစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၄ ဘီလျံ တန်ကြေးရှိတဲ့ Grand Ethiopian Renaissance Dam စီမံကိန်းနဲ့ပတ်သက်ပြီး အီသီယိုးပီးယား၊ ဆူဒန်၊ အီဂျစ် စတဲ့ နိုင်ငံ ၃ နိုင်ငံရဲ့ အရာရှိတွေ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ သဘောတူညီမှုမရခဲ့ပါဘူး။ အီသီယိုးပီးယားနိုင်ငံက ဆည်ကို ရေဖြည့်နေတာမဟုတ်ဘူး၊ ဆည်ရဲ့ဂိတ်တံခါးတွေကို မပိတ်ထားဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ အီသီယိုးပီးယားနိုင်ငံပိုင်မီဒီယာက ပြန်တောင်းပန်ခဲ့ပါတယ်။ ကုဗမီတာ ၇၄ ဘီလျံ ဝင်ဆံ့တဲ့ ဆည်ကို ရေအပြည့်ဖြည့်ဖို့ ၅ နှစ်ကနေ ၇ နှစ်ကြား အချိန်ယူရမယ်လို့ အီသီယိုးပီးယားနိုင်ငံက ပြောပါတယ်။ အဲဒီပမာဏပြည့်လို့ ရေပြန်လွှတ်ပေးမယ်ဆိုရင် ၁၅၅ မိုင် ရှည်လျားတဲ့ ရေစီးကြောင်းမျိုး ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top