ဘာစီလိုနာဂန္တဝင်ရဲ့ သားဖြစ်သူကို အီကွေဒေါအသင်း နည်းပြ ခန့်အပ်

yyl-032-6.jpg

ဘာစီလိုနာဂန္တဝင် ကစားသမားဟောင်း ဂျိုဟန်ခရိုက်ဖ်ရဲ့သားဖြစ်သူ ဂျော်ဒီခရိုက်ဖ်ကို အီကွေဒေါအသင်းက နည်းပြအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ဂျော်ဒီခရိုက်ဖ်ကို အီကွေဒေါနည်းပြအဖြစ် မိတ်ဆက်ပွဲ ကျင်းပခဲ့ပါတယ်။ သူဟာ အီကွေဒေါအသင်းကို ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ဖို့ ဦးဆောင်ပေးရမှာပါ။ ဂျော်ဒီခရိုက်ဖ်ဟာ မတ်လ ၂၆ ရက်မှာ အာဂျင်တီးနားအသင်းနဲ့ ကစားရမယ့် ၂၀၂၂ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ အီကွေဒေါအသင်းကို ပထမဆုံးအကြိမ် စတင်ကိုင်တွယ်မှာဖြစ်ပါတယ်။

အသက် ၄၅ နှစ်ရှိတဲ့ ဂျော်ဒီခရိုက်ဖ်ဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ တရုတ်စူပါလိဂ်ကလပ် ချုံကင်းတိန့်တိုင်လီဖန်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူပါ။ တရုတ်စူပါလိဂ်ကို မရောက်ခင်တုန်းကတော့ ဆိုက်ပရက်စ်ကလပ် AEK Larnaca အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားကာလအတွင်း မက္ကာဘီတဲလ်အဗစ်အသင်းကို ၅ နှစ်ကြာ ကိုင်တွယ်ခဲ့ပါတယ်။ ဂျော်ဒီခရိုက်ဖ်ရဲ့ဖခင်ဖြစ်သူ ဂျိုဟန်ခရိုက်ဖ်ဟာ ဘောလုံးလောကရဲ့ ဂန ္ထဝင်တစ်ဦးပါ။ သူဟာ ကစားသမားဘဝတုန်းက အိုင်းယက်စ်မှာရော၊ ဘာစီလိုနာအသင်းမှာပါ အောင်မြင်မှုတွေ ရခဲ့သလို နည်းပြဘဝမှာလည်း အောင်မြင်မှုအလီလီ ဆွတ်ခူးနိုင်ခဲ့သူပါ။ ဂျိုဟန်ခရိုက်ဖ်ဟာ ၂၀၁၆ ခုနှစ်တုန်းက အဆုတ်ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top