စွမ်းအင်သက်သာဖို့ ရည်ရွယ်တဲ့ EU စီမံကိန်းအရ ရွံ့သားနံရံ အဆောက်အအုံ တည်ဆောက်

26.2.24-yyl-၄.jpg

စွမ်းအင်သက်သာစေတဲ့ နေအိမ်တွေ ဆောက်လုပ်ရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်နိုင်ငံမှာ အိမ်တစ်လုံးကို ထူထဲတဲ့ ရွံ့သားနံရံနဲ့ တည်ဆောက်ခဲ့ပါတယ်။ ဗိသုကာပညာရှင် အန်သိုနီဟက်ဒ်ဆန်က ရာစုနှစ်များစွာ အသုံးပြုခဲ့တဲ့ ဆောက်လုပ်ရေးနည်းလမ်းကို အသုံးပြုခဲ့ပေမဲ့ မျက်မှောက်ခေတ် အဆောက်အအုံဆိုင်ရာ စည်းမျဉ်းတွေကိုလည်း လိုက်နာကျင့်သုံးခဲ့ပါတယ်။

နောဖော့ခ်ကောင်တီမှာ တည်ဆောက်ခဲ့တဲ့ နေအိမ်နံရံတွေကို ကောက်ရိုး၊ ရွံ့၊ ရေ အစရှိတဲ့ အဓိကပါဝင်ပစ္စည်း ၃ မျိုးတည်း အသုံးပြုတည်ဆောက်ခဲ့တာပါ။ ရွံ့နဲ့ တည်ဆောက်ထားတဲ့ နံရံတွေဟာ အပူဒဏ်ကို ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ အိပ်ခန်း ၃ ခန်းပါတဲ့ အိမ်ကို ဒေသခံဆောက်လုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အကုန်အကျ အလွန်သက်သာတယ်လို့ ဆိုပေမဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲဆိုတာကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ရွံ့ဟာ ရေရှည်အသုံးပြုနိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတစ်မျိုးဖြစ်ပြီး ရွံ့အသုံးပြု တည်ဆောက်ထားတဲ့ ဗြိတိန်နိုင်ငံမှ အဆောက်အအုံတွေဟာ နှစ်ပေါင်း ၅၀၀ ကျော် တည်တံ့ခိုင်မြဲခဲ့ပါတယ်။

ကာဗွန်ထုတ်လွှတ်မှုကင်းစင်တဲ့ အဆောက်အအုံ ဆောက်လုပ်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ဥရောပသမဂ္ဂက ရန်ပုံငွေမတည်ပြီး ရွံ့သားနံရံအဆောက်အအုံကို ဆောက်လုပ်ခဲ့တာပါ။

Ref:This New Mud Home Built of Hemp and Earth Demonstrates Super Energy Efficiency in the UK

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top