မင်္ဂလာပွဲကျင်းပခဲ့တဲ့ ဘောလိဝုဒ်စုံတွဲ ရန်ဘီယာ ကာပူးရ်နဲ့ အလီယာဘတ်

Ranbir-and-Alia0.jpg

ဒီကနေ့ ဧပြီ ၁၄ ရက်နေ့မှာ ဘောလိဝုဒ်အနုပညာရှင်စုံတွဲ ရန်ဘီယာ ကာပူးရ် (Ranbir Kapoor) နဲ့ အလီယာဘတ် (Alia Bhatt) တို့ဟာ သူ့ရဲ့မိသားစုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းမိတ်ဆွေတွေ ဝန်းရံပြီး လက်ထပ်ထိမ်းမြားခဲ့ကြပါတယ်။ ဆင်စွယ်ရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားတဲ့ သူတို့စုံတွဲရဲ့မင်္ဂလာဓာတ်ပုံတွေကို သတို့သမီး အလီယာဘတ်ကိုယ်တိုင် အင်စတာဂရမ်မှာ မျှဝေပေးခဲ့ပါတယ်။

အင်စတာဂရမ်မှာ မင်္ဂလာဓာတ်ပုံတွေနဲ့အတူ အလီယာဘတ်က “ဒီနေ့ ကျွန်မတို့ရဲ့မိသားစုနဲ့ သူငယ်ချင်းတွေ ဝန်းရံပြီး ကျွန်မတို့ရဲ့အနှစ်သက်ဆုံးနေရာ(ချစ်သူသက်တမ်း ၅ နှစ်လုံး ဖြတ်သန်းကုန်ဆုံးခဲ့တဲ့ လသာဆောင်) ရှိတဲ့ နေအိမ်မှာ ကျွန်မတို့ လက်ထပ်လိုက်ပါပြီ” လို့ ရေးသားခဲ့ပါတယ်။

“ကျွန်မတို့နောက်မှာ များပြားလှသောအရာတွေနဲ့အတူ နောက်ထပ်အမှတ်တရတွေကို အတူတူတည်ဆောက်ဖို့ ကျွန်မတို့ မစောင့်နိုင်တော့ဘူး။ ချစ်ခြင်းမေတ္တာ၊ ရယ်မောစရာ၊ သက်တောင့်သက်သာရှိတဲ့တိတ်ဆိတ်ခြင်းတွေ၊ ရုပ်ရှင်ကြည့်တဲ့ညတွေ၊ စကားများတာတွေ၊ ဝိုင်သောက်တာတွေနဲ့ ပြည့်နေတဲ့ အမှတ်တရတွေ။ ကျွန်မတို့ဘဝတွေရဲ့ အရေးပါတဲ့အချိန်ကာလအတွင်း ချစ်ခြင်းမေတ္တာနဲ့ အလင်းရောင်တွေပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအခိုက်အတန့်ကို ပိုပြီးထူးခြားစေခဲ့တယ်။ ချစ်တဲ့ ရန်ဘီနဲ့အလီယာ” လို့ ဆက်လက်ရေးသားထားပါတယ်။

ရန်ဘီနဲ့အလီယာတို့က မွမ်ဘိုင်းမြို့ရှိ ရန်ဘီရဲ့နေအိမ်မှာ အပြန်အလှန် မင်္ဂလာကတိကဝတ်တွေပြုခဲ့ကြတာပါ။ မိသားစုဝင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေရှေ့မှာ ရိုးရာပန်ချာပီမင်္ဂလာပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

မင်္ဂလာပွဲအခမ်းအနားကို အိမ်ထဲမှာ ကျင်းပရင်း ရန်ဘီနဲ့အလီယာရဲ့အဖွဲ့က နေအိမ်တံခါးအပြင်ဘက်မှာ စုဝေးနေတဲ့ မီဒီယာအဖွဲ့တွေကို မုန့်အချိုဗူးတွေ ဝေပေးခဲ့ပါတယ်။ ကြင်စဉီးဇနီးမောင်နှံကတော့ မွမ်ဘိုင်းက ကြယ်ငါးပွင့်ဟိုတယ်မှာ ကြီးကျယ်ခမ်းနားတဲ့ဧည့်ခံပွဲကို မကြာခင် ပြုလုပ်ဖို့ မျှော်လင့်ရပါတယ်။ အဲဒီပွဲမှာ ဒီပီကာပက်ဒူကုန်း (Deepika Padukone)၊ ရန်ဗီယာဆင်း (Ranveer Singh)၊ ကက်ထရီနာ ကဖ် (Katrina Kaif)၊ ဗစ်ကီ ကော်ရှယ် (Vicky Kaushal) လို ဧည့်သည်တွေ တက်ရောက်မယ်လို့ သတင်းထွက်ရှိထားပါတယ်။

Ref: Tribune “Surrounded by family and friends, Alia Bhatt and Ranbir Kapoor tie the knot”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top