ချန်ပီယံလိဂ် ပွဲမတိုင်ခင် နေ့မှာ မိုးလင်းပေါက် ပါတီပွဲ ဆင်နွှဲခဲ့ဖူးတဲ့ ရှနိုက်ဒါ

1-7-2020-yyl-027.jpg

ချန်ပီယံလိဂ် ပွဲမတိုင်ခင်နေ့မှာ မိုးလင်းပေါက် ပါတီပွဲ ဆင်နွှဲခဲ့ပေမဲ့ ပွဲကစားချိန်မှာ တစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့တယ်လို့ အင်တာမီလန်ကစားသမားဟောင်း ရှနိုက်ဒါက သူ့ရဲ့ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိစာအုပ်သစ်မှာ ရေးသားထားပါတယ်။ ဟော်လန်ကွင်းလယ်လူဟောင်း ရှနိုက်ဒါဟာ ဝါဒါဘရီမင်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်နေ့မှာ ဂျော့ကလိုနေး၊ မီဂန်ဖောက်တို့နဲ့အတူ မိုးလင်းပေါက် ပါတီပွဲဆင်နွှဲခဲ့ပြီး မနက် ၆ နာရီထိုးမှ အိမ်ပြန်ရောက်ခဲ့ပါတယ်။ ” ဝါဒါဘရီမင်နဲ့ပွဲမှာ ကျွန်တော် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးနိုင်ခဲ့တယ်။ အဲဒီလို လုပ်လို့ရမှန်းသိသွားတော့ ကျွန်တော် ထပ်လုပ်ဖို့ လက်မတွန့်တော့ပါဘူး”လို့ ရှနိုက်ဒါက ပြောပါတယ်။

၂၀၀၇ ခုနှစ်က အသက် ၂၃ နှစ်အရွယ်မှာ အိုင်းယက်စ်ကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရှနိုက်ဒါဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက်လို့ ထင်ကြေးပေးခံခဲ့ရသူပါ။ ဒါပေမဲ့ မက်ဒရစ်မြို့မှာ အပျော်အပါးမက်လွန်းတဲ့ နေထိုင်မှုပုံစံကြောင့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး။ ရီးရဲလ်မှာ ရှနိုက်ဒါနဲ့အတူ ပါတီတက်လေ့ရှိသူကတော့ ဂူတီပါပဲ။ ရှနိုက်ဒါဟာ အပျော်အပါးမက်လွန်းလို့ ပထမဇနီးနဲ့ ကွာရှင်းခဲ့ရသလို ဒုတိယဇနီးဖြစ်တဲ့ ယိုလန်သီကလည်း ရှနိုက်ဒါ အရက်အရမ်းသောက်တဲ့ဒဏ်ကို မခံနိုင်လို့ အဆုံးသတ်ခဲ့ရပါတယ်။ ရှနိုက်ဒါဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာတော့ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top