အဲဗာတန်က ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်စွမ်းရှိလာလိမ့်လို့ အန်စလော့တီ ပြော

1-7-2020-yyl-028.jpg

သိပ်မဝေးတော့တဲ့ အနာဂတ်ကာလမှာ အဲဗာတန်အသင်းက ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ဝါရင့်နည်းပြ အန်စလော့တီက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ မာကိုဆေးလ်ဗားကို နည်းပြရာထူးက ထုတ်ပယ်ပြီး အန်စလော့တီကို အစားထိုးခန့်အပ်ချိန်မှာ အဲဗာတန်အသင်းက တန်းဆင်းဇုန်နဲ့ ၄ မှတ်ပဲ ကွာဝေးတဲ့နေရာမှာ ရှိခဲ့ပါတယ်။ အန်စလော့တီလက်ထက်မှာတော့ အဲဗာတန်အသင်းက ရလဒ်ကောင်းတွေ ရရှိလာပြီး ဥရောပဝင်ခွင့်နေရာနဲ့ (၄)မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရပ်နားထားတဲ့ ဘောလုံးပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ အဲဗာတန်က ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို ဂိုးမရှိ သရေကစားနိုင်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ နောဝစ်ချ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အန်စလော့တီဟာ ချဲလ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တုန်းကလည်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ အဲဗာတန်ဟာ လက်ရှိအချိန်မှာ လီဗာပူး၊ ချဲလ်ဆီးတို့ကိုမှီဖို့ အဝေးကြီးလိုနေသေးပေမဲ့ ကွာဟချက်တွေကို လျှော့ချသွားနိုင်လိမ့်မယ်လို့ အန်စလော့တီက ပြောပါတယ်။ လီဗာပူးကို နှစ် ၃၀ အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြဂျာဂန်ကလော့ရဲ့လမ်းစဉ်ကို အတုယူပြီး အဲဗာတန်အသင်းကိုလည်း တစ်နှစ်ချင်းဆီ တိုးတက်အောင် ပြင်ဆင်သွားမယ်လို့ သူက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top