သတိပြု သင့်တဲ့ ရင်သား ကင်ဆာရဲ့ ရောဂါ လက္ခဏာတွေ

Breast-Cancer-Symptoms.jpg

ဒီတစ်ခါ ရိုးရာလေးရဲ့ မိန်းကလေးစာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေး ဆောင်းပါးလေးတစ်ပုဒ် ဖော်ပြပေးချင်ပါတယ်။ အဲဒါကတော့ ရင်သားကင်ဆာနဲ့ ပတ်သက်တဲ့အကြောင်းပါ။

မိန်းကလေးတွေမှာ မျိုးရိုးလိုက်တာကြောင့်ပဲဖြစ်ဖြစ်၊ တခြားအကြောင်းရင်းကြောင့်ပဲဖြစ်ဖြစ် ရင်သားကင်ဆာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ရင်သားကင်ဆာဖြစ်နေခဲ့ရင် စောစောစီးစီးကုသလို့ရအောင် ကိုယ့်ကိုယ်ကို စမ်းသပ်နိုင်မဲ့နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါရစေ။

ရင်သားကင်ဆာ ဖြစ်နေပြီဆိုရင် အစပိုင်းမှာတော့ ရောဂါလက္ခဏာတွေ မပြသေးပါဘူး။ အသားပိုအရွယ်အစား ကြီးလာတာနဲ့အမျှ အခု ဖော်ပြထားတဲ့လက္ခဏာတွေကို သတိပြုမိလာနိုင်ပါတယ်။ ရာသီလာပြီးတဲ့အချိန် ရင်သားဒါမှမဟုတ် လက်မောင်းအောက်မှာ အခဲလိုမျိုးတစ်ခုရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကို ရင်သားကင်ဆာရဲ့ လက္ခဏာတစ်ခုအနေနဲ့ မကြာခဏ တွေ့ရတတ်ပါတယ်။ ရင်သားကင်ဆာကြောင့်ဖြစ်လာတဲ့ အခဲလေးဟာ နာကျင်လေ့မရှိပါဘူး။ တချို့အသားဖုတွေကတော့ နေရတာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ချိုင်းကြားမှာ ရောင်နေတတ်ပါတယ်။

နောက်တစ်ချက်ကတော့ ရင်သားပေါ်မှာ သိသိသာသာ ပြားချပ်နေတာ ဒါမှမဟုတ် အပိန့်အချိုင့်ဖြစ်နေတယ်ဆိုရင် အသားဖုကို မမြင်နိုင်၊ မခံစားနိုင်သေးတာ ဖြစ်ပါတယ်။ ပြီးတော့ ရင်သားအရွယ်အစား၊ အနေအထားတွေ အနည်းငယ် ပြောင်းလဲမှု ရှိလာတတ်ပါတယ်။ နီရဲပြီး လိမ္မော်သီးအခွံလိုမျိုး ချိုင့်ငယ်လေးတွေ ဖြစ်နေတယ်ဆိုရင် အဆင့်တိုးလာတဲ့ ရင်သားကင်ဆာရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

နို့သီးခေါင်းချိုင့်ဝင်နေခြင်း၊ ယားယံခြင်း၊ ပြည်တည်နာဖြစ်ခြင်း ဒီလိုမျိုး ပြောင်းလဲမှုတွေ ဖြစ်လာတတ်ပါတယ်။ နို့သီးခေါင်းမှာ သွေးထွက်တာမျိုးတွေဟာ ကင်ဆာကြောင့်ဖြစ်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ ရင်သားအရေပြားအောက်မှာ ကျောက်ခဲလေးတွေလို အဖုလေးတွေ စမ်းမိတတ်ပါတယ်။

ရင်သားတစ်ဘက်တည်း ဒါမှမဟုတ် နှစ်ဘက်လုံးမှာ ပုံမှန်မဟုတ်တဲ့အသားဖုရှိမယ် ဒါမှမဟုတ် ခဏခဏ နာကျင်နေတတ်ပါတယ်။ ဒီလိုဆိုရင် ကင်ဆာဟုတ် မဟုတ် ခွဲခြားသင့်ပါတယ်။ ချိုင်းအောက်မှာ အသားဖုလေးတွေ ဖူးရောင်နေတယ်ဆိုရင်လည်း ရင်သားကင်ဆာဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုး ဝေဒနာတွေ ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့အမြန်ဆုံး သွားရောက်တိုင်ပင်ဆွေးနွေးသင့်နေပါပြီ။

Ref: www.webmd.com “Understanding breast cancer symptoms”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top