ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အဝါကတ်ပထမဆုံးပြခံရတဲ့ ဂွာဒီယိုလာ

67642742_2521773621186876_4064906213148590080_n.jpg

မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အဝါကတ်ပထမဆုံးပြခံရတဲ့ နည်းပြဖြစ်လာခဲ့ပါတယ်။ လီဗာပူးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ပထမပိုင်းမှာ ဂျိုးဂိုမက်ဇ်ရဲ့ ဘောလုံးဖျက်ထုတ်မှုကြောင့် ဒေးဗစ်ဆေးလ်ဗား ဒဏ်ရာရခဲ့လို့ ဂွာဒီယိုလာက စတုတ္ထဒိုင်ကို ဒေါသတကြီး စောဒကတက်ခဲ့ပါတယ်။ ဂျိုးဂိုမက်ဇ်က ခြေထောက်မြှောက်ပြီးဘောလုံးလုခဲ့တဲ့ပုံစံကိုပါ ဂွာဒီယိုလာက လုပ်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ ကွင်းလယ်ဒိုင် မာတင်အက်ကင်ဆန်က ဂွာဒီယိုလာကိုအဝါကတ်ပြခဲ့တာပါ။ ဂွာဒီယိုလာဟာ မန်စီးတီးနည်းပြဘဝမှာ ရမှတ် (၁၀၀) နဲ့ ပရီးမီးယားလိဂ်ဖလားရပြီးဗိုလ်စွဲခဲ့တာ၊ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တာ၊ တစ်ရာသီအတွင်း ပြည်တွင်းဖလား (၃)လုံး ဆွတ်ခူးနိုင်ခဲ့တာ အပါအဝင် စံချိန်သစ်တွေ တင်နိုင်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ အဝါကတ်ပထမဆုံးပြခံရသူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ကာရာဘောင်းဖလား၊ အက်ဖ်အေဖလား စတဲ့ ဖလားပွဲစဉ်တွေမှာ နည်းပြတွေကို အဝါကတ်၊ အနီကတ်ပြနိုင်တဲ့ စည်းမျဉ်းထုတ်ပြန်ခဲ့ပြီး အခုအခါမှာတော့ ပရီးမီးယားလိဂ်နည်းပြတွေကိုပါ ဒီစည်းမျဉ်းအတိုင်းကျင့်သုံးနေပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top