လက်ဝှေ့ပွဲအပြီး (၄) ရက်အကြာမှာ ရုရှားလက်ဝှေ့သမားကွယ်လွန်

67373945_2497427783621460_1452449130805723136_n.jpg

ပွာတိုရီကိုလက်ဝှေ့သမားနဲ့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ ဦးနှောက်သွေးယိုစိမ့်ခဲ့တဲ့ ရုရှားလက်ဝှေ့သမားဟာ (၄) ရက်အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိတဲ့ ဒါဒါရှက်ဗ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က မေရီလန်းပြည်နယ်မှာ ပွာတိုရီကိုလက်ဝှေ့သမား မာတီယက်စ်နဲ့ ပေါင် (၁၄၀) တန်းပွဲစဉ် ထိုးသတ်ခဲ့ပါတယ်။

ဒါဒါရှက်ဗ်ဟာ ခေါင်းကို အချက်ရေတော်တော်များများ အထိုးခံခဲ့ရပြီး (၁၁) ချီအရောက်မှာတော့ သူ့ရဲ့နည်းပြက ပွဲရပ်ခဲ့ပါတယ်။ ဦးနှောက်သွေးခဲတဲ့ဒဏ်ရာရရှိခဲ့တဲ့ ဒါဒါရှက်ဗ်ကို အဲဒီပွဲစဉ်အပြီး ဆေးရုံတင်ခဲ့ပေမဲ့ အင်္ဂါနေ့ နံနက်ပိုင်းက ကွယ်လွန်သွားခဲ့တာပါ။ ဒါဒါရှက်ဗ်ဟာ မာတီယက်စ်နဲ့ပွဲစဉ်မတိုင်ခင်က ရှုံးပွဲမရှိခဲ့တဲ့ လက်ဝှေ့သမားဖြစ်ပြီး လက်ဝှေ့အားကစားကို အရမ်းမြတ်နိုးသူလို့ နည်းပြဖြစ်သူက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top