အဆောင်နေကျောင်းသားတစ်ယောက် သေဆုံးမှုအတွက် နိုင်ဂျီးရီးယားပြည်သူတွေ ဒေါသထွက်နေ

7.12.2021yyl14.jpg

နိုင်ဂျီးရီးယားနိုင်ငံမှာ ၁၂ နှစ်အရွယ် အဆောင်နေ ကျောင်းသားတစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် တရားမျှတမှု ရှာဖွေပေးဖို့ လူ ၁၈၀,၀၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။ လျှို့ဝှက်ဂိုဏ်းထဲဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ ဆေဗက်စတားကို ဒိုဝမ်ကောလိဂ်က ကျောင်းသား ၅ ယောက်က နှိပ်စက်ခဲ့ကြတာလို့ ဆေဗက်စတားရဲ့မိသားစုက စွပ်စွဲထားပါတယ်။ ဆေဗက်စတား သေဆုံးမှုကြောင့် နိုင်ဂျီးရီးယားပြည်သူ အများအပြား နာကျည်းခံပြင်းနေကြပြီး ဒိုဝမ်ကောလိပ်ကိုလည်း အကန့်အသတ်မရှိ ပိတ်လိုက်ပါပြီ။ ဒိုဝမ်ကောလိပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ဆေဗက်စတားဟာ ဘောလုံးကန်ရာကနေ ရရှိလာတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တာလို့ ဖော်ပြပါတယ်။

ကျောင်းသား ၅ ယောက်က ဆေဗက်စတာကို အဆောင်အခန်းထဲမှာ ပိတ်ထားပြီး ဓာတုဆေးရည်တွေ အတင်းအကျပ် သောက်ခိုင်းခဲ့တာလို့ ဆေဗက်စတာရဲ့ အစ်ကိုဝမ်းကွဲက စွပ်စွဲခဲ့ပါတယ်။ ဆေဗက်စတာမိသားစုရဲ့ စွပ်စွဲချက် ၂ ခုလုံးကို ရဲတပ်ဖွဲ့က ထင်မြင်ချက်ပေးခြင်းမရှိသေးပါဘူး။ ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ ထုတ်ပြန်ထားပါတယ်။ ရဲအရာရှိတွေက စုံစမ်းစစ်ဆေးနေချိန်မှာ ဒိုဝမ်ကောလိပ်အနေနဲ့ သူ့သားကို တိုက်ခိုက်ခဲ့ဖွယ်ရှိတဲ့ ကျောင်းသား ၅ ယောက်ကို ရဲစခန်းထံ လွှဲပြောင်းပေးအပ်စေချင်တယ်လို့ ဆေဗက်စတာရဲ့ဖခင်က ပြောပါတယ်။ အမျိုးသားကျောင်းသားသမဂ္ဂကလည်း သီးခြားစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်ကစပြီး နိုင်ဂျီးရီးယားနိုင်ငံရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ #JusticeForSylvester ဆိုတဲ့ လှုပ်ရှားမှု ပျံ့နှံ့လာသလို #JusticeForSylvester ဆိုတဲ့ WhatsApp group တစ်ခုလည်း ပေါ်ပေါက်လာပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ လျှို့ဝှက်ဂိုဏ်းတွေ ဖွဲ့စည်းလေ့ရှိပြီး ဂိုဏ်းတော်တော်များများက သူတို့ကို တားဆီးပိတ်ပင်တဲ့ ကျောင်းသား/သူတွေ၊ ဆရာ/ ဆရာမတွေကို အနိုင်ကျင့် တိုက်ခိုက်လေ့ရှိပါတယ်။ လူသတ်မှုတွေ နောက်မှာလည်း အဲဒီဂိုဏ်းတွေ ပယောဂမကင်းဘူးဆိုတဲ့ စွပ်စွဲမှုတွေ ရှိခဲ့ဖူးပါတယ်။

Ref: BBC “Sylvester Oromoni: Nigerians demand justice over Dowen College death”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top