မေဝယ်သာကို တိုက်ရိုက်စိန်ခေါ်လိုက်တဲ့ ပက်ကွီအိုနဲ့ ဂျက်မား

yyl-30-010.jpg

ဖိလစ်ပိုင်လက်ဝှေ့ကျော်  ပက်ကွီအိုက  သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့   ပွဲတိုင်းနိုင် လက်ဝှေ့သမား (ဟောင်း) မေဝယ်သာကို တိုက်ရိုက် စိန်ခေါ်လိုက်ပါပြီ။ မေဝယ်သာနဲ့ ပက်ကွီအိုတို့ စိတ်မကျေပွဲထိုးဖို့   ရှိနေတယ်လို့   သတင်းထွက်နေတာ   လနဲ့ချီပါပြီ။ ဒါပေမဲ့ စိတ်မကျေပွဲထိုးဖို့ သူတို့ (၂)ယောက် သဘောတူညီချက် ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ မေဝယ်သာက သူ့ရဲ့မိတ်ဆွေဖြစ်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် ဂျက်မားကို Pad ကိုင်ပေးရင်း မေဝယ်သာကို တိုက်ရိုက်စိန်ခေါ်လိုက်တာပါ။

” တကယ့်လက်ဝှေ့ပွဲ အစစ်အမှန် ထိုးချင်ရင်တော့ ငါနဲ့ထိုးပါ မေဝယ်သာ။ သရုပ်ပြပွဲပဲ ထိုးချင်တယ်ဆိုရင်တော့ ငါ့မိတ်ဆွေ ဂျက်မားက မင်းကို စဉ်းစားပေးလိမ့်မယ်”လို့ ပက်ကွီအိုက ပြောပါတယ်။ အသက်(၅၅)နှစ်ရှိတဲ့ ဂျက်မားကလည်း ပွဲတိုင်းနိုင်လက်ဝှေ့သမား မေဝယ်သာနဲ့ထိုးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ ”ကျွန်တော့်ဘက်ကတော့ အသင့်ပါပဲ။ အချိန်မရွေး၊ နေရာမရွေးပါပဲ။ မန်နီ(မေဝယ်သာ)အသင်းဘက်က အဆင်သင့်ဖြစ်ရင်ပေါ့”လို့ ဂျက်မားက ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ဖို့ဘ်မဂ္ဂဇင်းရဲ့ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ချမ်းသာကြွယ်ဝတဲ့ မေဝယ်သာဟာ ဂျက်မားရဲ့ကြွယ်ဝမှုနဲ့ နှိုင်းယှဉ်ခံခဲ့ရသူပါ။ ဒါပေမဲ့ အလီဘာဘာလုပ်ငန်းစုကို တည်ထောင်ခဲ့တဲ့ ဂျက်မားကတော့ အမေရိကန်ဒေါ်လာ ၃၈.၅ ဘီလျံ ချမ်းသာကြွယ်ဝသူပါ။ မေဝယ်သာနဲ့ ပက်ကွီအိုဟာ ၂၀၁၅ ခုနှစ် မေလက မက်ဒီဆင်စကွဲဂါးဒင်းမှာ ရာစုနှစ်ရဲ့ အကောင်းဆုံးလက်ဝှေ့ပွဲအဖြစ် ထိုးသတ်ခဲ့ကြပြီး မေဝယ်သာက အမှတ်နဲ့အနိုင်ရခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top