သူ မကြိုက်တဲ့အချက်တစ်ခုကို မက်ဆီ ထုတ်ပြော

yyl-30-011.jpg

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက သူမကြိုက်တဲ့ အချက်တစ်ခုကို ထုတ်ပြောခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာနည်းပြ ဗယ်ဗာဒီအတွက် အချက်ပေး   ခေါင်းလောင်းသံလည်း    ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။   ဒီရာသီအစပိုင်းမှာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲစဉ် တော်တော်များများ လွဲချော်ခဲ့ရတဲ့ မက်ဆီက လူစားလဲခံရတာကို မကြိုက်ဘူးလို့ ထုတ်ပြောခဲ့ပါတယ်။

လူစားလဲခံရတာ မကြိုက်ဘူး။ လူစားလဲခံရတာထက်စာရင် အရန်ခုံကထပြီး အချိန်နည်းနည်းလောက် လူစားဝင်ကစားရတာကို ပိုကြိုက်ပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းရင်းရှိပါတယ်။ ပွဲတော်တော်များများမှာ ပွဲပြီးခါနီးလေ ဆုံးဖြတ်ချက် ပြတ်သားလေလေပါပဲ။ ပြိုင်ဘက်တွေက ခြေကုန်လက်ပန်းကျနေလို့ နေရာလွတ် ပိုရလို့ပါပဲ။ လူစားလဲခံရပြီး အကောင်းဆုံးအခွင့်အရေးတွေ ဆုံးရှုံးမယ့်အစား လူစားဝင်ကစားရတာကိုပဲ ပိုကြိုက်တယ်”လို့ မက်ဆီက ဆိုပါတယ်။ Ballon d’Or ဆု (၅)ကြိမ် ဆွတ်ခူးခဲ့တဲ့ မက်ဆီဟာ ၂၀၁၉ ခုနှစ်အတွက် ပေးအပ်မယ့် Ballon d’Or ဆုမှာလည်း ပမာဏကစားသမား စာရင်းဝင်နေပြီး ဆုရမယ်လို့ ရေပန်းစားနေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top