ညကလပ် အထာနပ်တဲ့ အိုဇေးလ် အကြောင်းတွေကို ဘန်တနာ ဖွင့်ချ

yyl-011-3.jpg

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ဆော်တွေကို သဘောကျပြီး ညကလပ်မှာ ဘယ်လိုကဲရမလဲဆိုတာ အထာသိတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘန်တနာက ဖွင့်ချခဲ့ပါတယ်။ အာဆင်နယ်ကို ပြောင်းရွှေ့လာချိန်မှာ လန်ဒန်မြို့မှာ ညဘက် ထွက်ကဲချိန်တဲ့ အိုဇေးလ်က ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာနဲ့ အဖွဲ့ကျခဲ့ပါတယ်။ ဒီအကြောင်းတွေကို ဘန်တနာရဲ့ စာအုပ်သစ် Both Sides ထဲမှာ ရေးသားထားပြီး အဲဒီစာအုပ်ကို Mirror သတင်းစာမှာ အခန်းဆက်ဖော်ပြနေပါတယ်။

”အပ်ကျမတ်ကျ မသိရင်တော့ အိုဇေးလ်က လူပျိုလေးလို့ ပြောကြမှာပေါ့။ သူက လန်ဒန်ကိုရောက်တဲ့ ပထမဆုံးတစ်ပတ်မှာပဲ ကျွန်တော်တို့နဲ့ ညဘက်(၃)ခါ ထွက်ခဲ့တယ်။ သူက ညဘက်အပြင်ထွက်ရင် ပေါက်တတ်ကရတွေ လျှောက်မလုပ်ဘူး။ ဇီဇာမကြောင်ဘူး။ ဒါပေမဲ့ ဘယ်လိုကဲရမလဲဆိုတာ သိတယ်။ သူလည်း ယောကျ်ားထဲက ယောကျ်ားပဲမို့ ဆော်တွေကို သဘောကျတယ်။ ဒါကိုတော့ မယုံမရှိမဖြစ်နဲ့”လို့ ဘန်တနာက ရေးသားထားပါတယ်။ အဲဒီအချိန်တုန်းက လန်ဒန်မြို့အကြောင်း ကောင်းကောင်းသိနေလို့ ညဘက်အပြင်ထွက်ပြီး ကဲချင်တဲ့အာဆင်နယ်အသင်းဖော်တွေအတွက် ဧည့်လမ်းညွှန်တစ်ပိုင်း ဖြစ်ခဲ့တယ်လို့ ဘန်တနာက ဆိုပါတယ်။ အိုဇေးလ်ဟာ အခုအချိန်မှာတော့ တူရကီအလှမယ် အယ်မင်ဂေါ့နှင့် လက်ထပ်ထားသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top