လူမျိုးရေးခွဲခြားတဲ့ ေ-ာက်ရူးတွေကို အပြစ်ပေးရမယ်လို့ အင်တာမီလန်နည်းပြ တောင်းဆို

yyl-010-3.jpg

စီးရီးအေပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားနေတဲ့ ေ-ာက်ရူးတွေကို အပြစ်ပေးဖို့ လိုနေပြီလို့ အင်တာမီလန်နည်းပြ ကွန်တီက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဗီရိုနာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားတဲ့အသံတွေ ကြားလို့ ဒေါသထွက်သွားတဲ့ ဘရက်စီယာတိုက်စစ်မှူး ဘာလော့တယ်လီက ဗီရိုနာပရိသတ်တွေရှိရာ ပွဲကြည့်စင်ကို ဘောလုံးနဲ့ တည်ကန်ပြီး ကွင်းထဲကနေ ထွက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကွင်းလယ်ဒိုင်က ပွဲကို ယာယီရပ်နားပြီး ပရိသတ်တွေအနေနဲ့ မနှစ်မြို့စရာ လုပ်ရပ်များတွေကို ရပ်တန့်ဖို့ ကွင်းအတွင်း တပ်ဆင်ထားတဲ့ စပီကာတွေကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကလည်း ကက်ဂလီယာရီကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီကန်ဖို့ ပြင်ဆင်နေတဲ့ လူကာကူကို ကက်ဂလီယာရီအသင်း ပရိသတ်တွေက မျောက်သံပေးခဲ့ကြပါတယ်။

”(ဘာလော့တယ်လီရဲ့ဖြစ်ရပ်မှာ)ကျွန်တော် ကွင်းထဲမှာ ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ စည်းကမ်းပိုင်း တင်းကျပ်ဖို့လိုနေပြီလို့ ယုံကြည်ပါတယ်။ အဲဒီလို စည်းမရှိ၊ ကမ်းမရှိတဲ့သူတွေကို ကျွန်တော်တို့ အပြစ်ပေးရမယ်။ ဒီအရူးတွေကို အပြစ်ပေးဖို့ လိုနေပြီ။ ၂၀၁၉ ခုနှစ်အထိ အဲဒီလိုပြဿနာတွေ ရင်ဆိုင်နေရတာ တော်တော်အဓိပ္ပာယ်မဲ့ပါတယ်”လို့ ကွန်တီက ပြောပါတယ်။

ဗီရိုနာအသင်းရဲ့ အစွန်းရောက်ပရိသတ်တွေကတော့ ဘာလော့တယ်လီကို လူမျိုးရေးခွဲခြားခဲ့တာမဟုတ်ဘူး၊ သူတို့အသင်းမှာရှိတဲ့ နီဂရိုးကစားသမားတစ်ယောက်ကို လက်ခုပ်တီးပြီး ချီးကျူးခဲ့တာလို့ တုံ့ပြန်ထားပါတယ်။ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ ဗီရိုနာအသင်းက အစွန်းရောက်ပရိသတ်အဖွဲ့ ခေါင်းဆောင်ကို ကွင်းထဲလာရောက်ပြီး ပွဲကြည့်ခွင့် (၁၀)နှစ် ပိတ်ပင်လိုက်ပါပြီ။ ဘာလော့တယ်လီက အီတလီသားဖြစ်ပေမဲ့ အီတလီသားစစ်စစ်တော့ လုံးဝဖြစ်လာမှာမဟုတ်ဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားပြီး လူမျိုးရေးခွဲခြားခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top