စတာလင်ကို လူမျိုးရေးခွဲခြားခဲ့လို့ ချဲလ်ဆီးအသင်းက ပရိသတ်တစ်ယောက်ကို ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်

67277669_2508487415848830_5435239816977448960_n.jpg

မန်စီးတီးတိုက်စစ်မှူး စတာလင်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်တစ်ဦးကို ချဲလ်ဆီးအသင်းက ပွဲကြည့်ခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့က မန်စီးတီးကို (၂) ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးအသင်း ပရိသတ်တွေက စတာလင်ကို လူမျိုးရေးခွဲခြားခဲ့ပါတယ်။ လက်ပစ်ဘောမြှောက်ဖို့ စတာလင် ဘောလုံးကောက်ချိန်မှာ ချဲလ်ဆီးအသင်း ပရိသတ်တွေက အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး ပရိသတ်တစ်ယောက်က လူမျိုးရေးခွဲခြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်မှာ သုံးနှုန်းခဲ့တဲ့ စကားလုံးတွေကို လူမျိုးရေးခွဲခြားမှုအဖြစ် သက်သေပြနိုင်ခြင်းမရှိဘူးလို့ ပြီးခဲ့တဲ့ဧပြီလမှာ ဗြိတိန်နိုင်ငံ အစိုးရရှေ့နေရုံးက ကောက်ချက်ချခဲ့ပါတယ်။ စတာလင်ကိုယ်တိုင်ကလည်း လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းမျိုး မကြားခဲ့ရဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးအသင်းကတော့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပရိသတ်တစ်ယောက်ကို ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့ပါတယ်။ ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့တဲ့ ပရိသတ်အမည်ကို ချဲလ်ဆီးအသင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိပါဘူး။ ချဲလ်ဆီးဟာ တခြားပရိသတ် (၅) ယောက်ကိုလည်း သူတို့ရဲ့ အပြုအမူတွေနဲ့ပတ်သက်ပြီး သတိပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top