ယူအီးအက်ဖ်အေဥက္ကဋ္ဌဆု ချီးမြှင့်ခံရမယ့် မန်ယူဂန ္ထဝင် ကန်တိုနာ

hotsport05.jpg

မန်ယူကွင်းလယ်လူဟောင်း ကန်တိုနာကတော့ ၂၀၁၉ ခုနှစ် ယူအီးအက်ဖ်အေဥက္ကဋ္ဌဆုအတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ကန်တိုနာရဲ့ အောင်မြင်မှုတွေ၊ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ စံနမူနာယူစရာ ကိုယ်ရည်ကိုယ်သွေးကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆုချီးမြှင့်ဖို့ ရွေးချယ်ခဲ့တာလို့ ယူအီးအက်ဖ်အေက ဆိုပါတယ်။

အရင်တုန်းက ယူအီးအက်ဖ်အေဥက္ကဋ္ဌဆု ချီးမြှင့်ခံရသူတွေထဲမှာ ဆာဘော်ဘီချာလ်တန်၊ ဒေးဗစ်ဘက်ခမ်း၊ ဒီစတီဖာနို၊ အူဆီဘီယိုတို့လို ကမ္ဘာကျော်ဘောလုံးသမားတွေ ပါဝင်ပါတယ်။ လာမယ့်ကြာသပတေးနေ့ကျရင် ပြင်သစ်နိုင်ငံ မိုနာကိုမြို့မှာ ပြုလုပ်မယ့် ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲမှာ ကန်တိုနာကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။ အဲဒီအခမ်းအနားမှာ ယူအီးအက်ဖ်အေရဲ့တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်သူကိုလည်း ကြေညာမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top