မြေခွေးတစ်ကောင်မှ ပူးတစ်ကောင်အား ခြောက်လှန့်နေသော ဓာတ်ပုံသည် ယခုနှစ် wildlife photography ဆုကို ရရှိ

yyl-17-028.jpg

အထက်တွင် ဖော်ပြထားသော Tibetan မြေခွေး အမ တစ်ကောင်မှ တွင်းအောင်းသတ္တဝါလေးအား ရန်ပြု ဖမ်းဆီးနေသည် ကို အမိအရ မှတ်တမ်းတင်လိုက်နိုင်သော အသက်ဝင်လှသည့် ဓာတ်ပုံကလေးသည် သဘာဝ၏ ရှင်သန်မှုတိုက်ပွဲ ကို အပီအပြင် ထင်ဟပ်စေသောကြောင့် ဆုရရှိခဲ့သော ပုံကလေးပင်ဖြစ်သည်။

ထိုဓာတ်ပုံအား တရုတ်ပြည်ရှိ Qilian Mountain Nature Conservation Association မှ ecological photographer အမှုဆောင် အရာရှိချုပ် Bao Yongging အသက်ဝင်လှစွာ ရိုက်ကူးနိုင်ခဲ့ပြီး International competition များတွင် ထူးချွန်ဆုများ ရရှိခဲ့သည်။

“ဒါဟာ သဘာဝရဲ့ ရှင်သန်မှုတိုက်ပွဲ ပဲ”ဟု အကဲဖြတ် အဖွဲ့ဝင်ချုပ် Mivhael Dixon မှ ဆိုသည်။ အခြားအကဲဖြတ် အဖွဲ့ဝင် တစ်ဦးဖြစ်သူ Roz Kidman Cox မှ “အရမ်းကို ရိုးရှင်းပြီး တိကျတဲ့ အချိန် အခါသမယ ရိုက်ချက် တစ်ခုဖြစ်တယ်” ဟု သုံးသပ်သည်။ တတ်ကျွမ်းသူ တစ်ဦးမှလဲ “ဒီပုံဟာ ပြင်းထန်သော စွမ်းအားတွေကို မြေခွေး ၏ လက်သည်း နှင့် အကြည့်များကနေ မြင်တွေ့နိုင်တယ် ထိုစွမ်းအား ၏ ခြိမ်းခြောက်ခြင်းကို လွတ်မြှောက်ရန် ရုန်းကန်နေရတဲ့ တွင်းအောင်းသတ္တဝါလေး၊ သူတို့အကြားက ပြင်းထန်တဲ့ လောကရဲ့ ဓမ္မတာကို မြင်ရတယ်” ဟုခံစား သုံးသပ်သည်။
ဓာတ်ပုံ၏ ပိုင်ရှင် Bao Yongging မှ “ဓာတ်ပုံဆရာများ အနေနဲ့ကတော့ တရိစ္ဆာန်လေးတွေရဲ့ သဘာဝဖြစ်စဥ်ကို လူတွေ မြင်တွေ့အောင် ချပြ ရမှာ တာဝန်ပဲလေ” ဟု ဆိုသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top