နာမည်ကျော် စက်ဝိုင်းမြှားပေါက်ပြိုင်ပွဲမှာ အမျိုးသား ပြိုင်ဘက်ကို အနိုင်ရတဲ့ ပထမဆုံးအမျိုးသမီး ထွက်ပေါ်လာ

hotsport05.jpg

PDC ကမ္ဘာ့ချန်ပီယံရှစ် စက်ဝိုင်းမြှားပေါက် ပြိုင်ပွဲမှာ အမျိုးသားပြိုင်ဘက်ကို အနိုင်ရတဲ့ ပထမဆုံး အမျိုးသမီးတစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။ သူကတော့ အင်္ဂလန်နိုင်ငံသူ ပရော်ဖက်ရှင်နယ် စက်ဝိုင်းမြှားပေါက်မယ် ဖယ်လွန်ရှားရော့ခ်ပါပဲ။ ဆံကေသာ အလှပြုပြင်သူတစ်ယောက်ဖြစ်ခဲ့တဲ့ ဖယ်လွန်ရှားလော့ခ်ဟာ အသက် ၁၇ နှစ်အရွယ်ကျမှ စက်ဝိုင်းမြှား ပေါက် ကစားနည်းကို စတင်ကစားခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့တစ်ပတ်က အမျိုးသားပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အမျိုးသားပြိုင်ဘက်ကို အနိုင်ယူနိုင်တဲ့ ပထမဆုံး အမျိုးသမီး ကစားသမား ဖြစ်ခဲ့ ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ စနေနေ့ကလည်း ကမ္ဘာ့အဆင့်(၁၁)ရှိတဲ့ စက်ဝိုင်းမြှားပေါက် ကစားသမားကို အနိုင်ယူပြီး တတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အမျိုးသားတွေပဲ မင်းမူ ထားတဲ့ စက်ဝိုင်းမြှားပေါက်ပြိုင်ပွဲမှာ အမျိုးသမီးတွေကို အခွင့်အရေးပိုပေးကြဖို့ ဖယ်လွန်ရှားလော့ခ်က တိုက်တွန်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top