ပြင်းထန်တဲ့ ကြွက်သားကြွက်တက်ခြင်း ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် ကမ္ဘာလှည့်ဖျော်ဖြေပွဲရက်တွေ ဖျက်သိမ်းလိုက်ရတဲ့ စလင်းဒီယွန်

15-1-2021-yyl02.png

တိုက်တန်းနစ်ဇာတ်ဝင်သီချင်းနဲ့ လူသိများနာမည်ကြီးတဲ့ အဆို​တော် စလင်းဒီယွန် (Celine Dion) ဟာ သူ့ရဲ့ Courage World Tour အတွက် မြောက်အမေရိကဖျော်ဖြေရေးရက်တွေကို ဖျက်သိမ်းလိုက်ပါပြီ။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီယွန်က ပြင်းထန်ပြီး အဆက်မပြတ်ကြွက်သားကြွက်တက်တာကြောင့် Resorts World Las Vegas က ရှိုးပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အခုလည်း ဒီအလားတူကျန်းမာ​ရေးပြဿနာကြောင့် မတ်လ ၉ ရက်နေ့ ဒန်ဗားမှာ စတင်ပြီး ဧပြီလ ၂၂ ရက်နေ့အထိ ဝါရှင်တန်ဒီစီမှာ ဖျော်ဖြေဖို့ စီစဥ်ထားတဲ့ ရှိုးပွဲရက်တွေကို ဖျက်သိမ်းလိုက်ရတာပါ။

“အခု ကျွန်မ ကောင်းမွန်လာဖို့တကယ်ပဲ မျှော်လင့်​နေခဲ့တာပါ။ ဒါပေမဲ့ ပိုပြီးတော့ စိတ်ရှည်ရှည်နဲ့ ဆရာဝန်တွေ ညွှန်ကြားထားတဲ့ စည်းကမ်းကို လိုက်နာဖို့ပဲလိုတာပါ။ ကျွန်မတို့ရဲ့ ရှိုးပွဲတွေမှာ ပြင်ဆင်မှုတွေ အများကြီးရှိခဲ့တာပါ။ နှစ်လတာ အစီအစဥ်တွေကို အကျိုးသက်ရောက်စေမယ့် ဆုံးဖြတ်ချက်တွေကို ဒီနေ့ ချလိုက်ရပါတယ်” လို့ ထုတ်ပြန်ချက်မှာ စလင်းဒီယွန်က ပြောကြားထားပါတယ်။

သူက ဆက်လက်ပြီး “ကျန်းမာရေး အပြည့်အဝပြန်ကောင်းလာရင်၊ အားလုံးလည်း ဒီကပ်ရောဂါကြီးကို ကျော်ဖြတ်နိုင်ရင် အရမ်းဝမ်းသာမိမှာပါ။ စင်ပေါ် နောက်ထပ် ပြန်တက်နိုင်ဖို့ မစောင့်နိုင်တော့ဘူး။ ဆိုရှယ်မီဒီယာကနေ လူတိုင်း ပေးပို့တဲ့ အားပေးစကားတွေကြောင့် အရမ်းကြည်နူးရပါတယ်။ မင်းတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးပံ့ပိုးမှုတွေကို ခံစားမိပြီး အဲဒါတွေက ကျွန်မအတွက် ကမ္ဘာကြီးလို အဓိပ္ပါယ်ရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

ခရက်ဒစ်ကတ်နဲ့ လက်မှတ်ဝယ်ယူခဲ့တဲ့ ပရိသတ်တွေက အလိုအလျောက် ပြန်အမ်းငွေတွေ ရရှိမှာဖြစ်ပါတယ်။ စလင်းဒီယွန်က အင်္ဂလန်၊ ဘာမင်ဂမ်မှာ မေလ ၂၅ ရက်နေ့ စတင်ဖို့ စီစဥ်ထားတဲ့ သူ့ရဲ့ ဥရောပဖျော်ဖြေရေးခရီးစဥ်ကို အပြီးသတ်ဖို့ စီစဥ်နေပါတယ်။

Ref: ABCNews “Celine Dion cancels tour dates due to ongoing ‘severe and persistent muscle spasms”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top