ဇူကာဘတ်နဲ့ အီလွန်မက်စ်တို့ သံဇကာဝိုင်းထဲမှာ ထိုးသတ်ဖို့ သဘောတူခဲ့

22.6.2023-yyl-19.jpg

ဇူကာဘတ်နဲ့ သံဇကာဝိုင်းထဲမှာ ထိုးချင်တယ်လို့ အီလွန်မက်စ်က တွစ်တာပေါ် တင်လိုက်ရာကနေ ဇာတ်လမ်းစခဲ့တာပါ။ ချက်ချင်းဆိုသလိုပဲ ဇူကာဘတ်ကလည်း အဲဒီပို့စ်ကို Screenshot ယူပြီး ” ထိုးမယ့်နေရာသာ ပြော” လို့ ပြန်တင်တယ်။ ” လက်စ်ဗီးဂတ်စ်မြို့ သံဇကာဝိုင်းမှာ ထိုးမယ်”လို့ အီလွန်မက်စ်က ပြန်ဖြေတယ်။

အဲဒီနောက်မှာတော့ ” ဒါမျိုးလှုပ်ရှားမှုတွေကို ကျွန်တော်ကတော့ ပင်လယ်ဖျံလို့ ခေါ်လေ့ရှိတယ်။ ပြိုင်ဘက်ကို အပေါ်စီးက တက်ခွပြီး ဒီအတိုင်းကြည့်နေတာမျိုးပေါ့” လို့ အီလွန်မက်စ်က တွစ်တာပေါ် ရေးခဲ့သလို ပင်လယ်ဖျံကြီးတစ်ကောင်ရဲ့ ဗီဒီယိုတင်ခဲ့တယ်။ ဇူကာဘတ်ကို အတည်စိန်ခေါ်တာမဟုတ်ဘူးဆိုတဲ့ သဘောမျိုး ယူဆစရာပါပဲ။

” ကျွန်တော်က ကလေးချီတယ်၊ ကလေးတွေကို လေပေါ်မြှောက် ကစားတာကလွဲပြီး လေ့ကျင့်ခန်းတောင် မလုပ်သလောက်ပဲ” လို့လည်း အီလွန်မက်စ်က ထပ်ရေးခဲ့ပါတယ်။ တွစ်တာစီအီးအို အီလွန်မက်စ်ဟာ အခုလမှာ အသက် ၅၂ နှစ် ပြည့်တော့မှာပါ။

ဖေ့ဘွတ်ခ်စီအီးအို ဇူကာဘတ်ကတော့ ၃၉ နှစ်သားအရွယ်ပဲ ရှိသေးပြီး သိုင်းပေါင်းစုံ(MMA) လေ့ကျင့်နေသလို မကြာသေးခင်ကလည်း ဂျူဂျစ်ဆုပြိုင်ပွဲမှာ ရွှေတံဆိပ်နဲ့ ငွေတံဆိပ်ဆုတွေ ဆွတ်ခူးနိုင်ခဲ့သူပါ။

Ref: Elon Musk and Mark Zuckerberg agree to hold cage fight

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top