အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြီး ဂင်းနက်စ်စံချိန် တင်ခဲ့သူ

11.10.23-yyl-16.jpg

ထူးခြားတဲ့စွမ်းရည်ကြောင့် အင်တာနက်ပေါ်မှာ ကျော်ကြားတဲ့ လူငယ်လေးက အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ နယူးအော်လင်းမြို့မှာ နေထိုင်တဲ့ ဂျိုဗန်တီကာတာ ( အင်စတာဂရမ်ပေါ်မှာ HolyGxD ဟု ကျော်ကြား)ဟာ အောက်နှုတ်ခမ်းကို နှာခေါင်းပေါ် ဆွဲတင်ပြပြီး ၁ မိနစ်၊ ၂ စက္ကန့်ကြာ နေပြခဲ့တာပါ။ သူဟာ တရုတ်နိုင်ငံဟာ ရှူကွမ်းတန်ရဲ့ ၅၃ စက္ကန့်စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

ဂျိုဗန်တီကာတာဟာ ၂ တန်းကျောင်းသားဘဝကတည်းက အောက်နှုတ်ခမ်းကို နှာခေါင်းပေါ်တင်တတ်ခဲ့တာပါ။ ” မင်း အစား စားရင် မျက်နှာတစ်ခုလုံးပျောက်သွားသလိုပဲ။ စားစရာမပါဘဲ ဝါးတဲ့ပုံစံလုပ်ပြခိုင်းတော့ ကျွန်တော်လည်း လုပ်ပြလိုက်တာပေါ့။ သူတို့အားလုံး ဝိုင်းရယ်ကြတယ်။ ဆရာမကတော့ သူ့မျက်စိ သူ မယုံနိုင်အောင် ဖြစ်သွားပါတယ်”လို့ ဂျိုဗန်တီကာတာက ဆိုပါတယ်။

” ဒီလိုလုပ်နေတဲ့အချိန် အသက်ရှူလို့ မရဘူး။ အသက်အောင့်ထားဖို့ လိုသလို ကြွက်သားတွေအကုန်လုံးလည်း တော်တော်ထိနိုင်တယ်” လို့ ဂင်းနက်စ်စံချိန်အဖွဲ့ရဲ့ ဒိုင် မာကိုဖရီဂတ်တီက ပြောပါတယ်။

ဗီဒီယို ကြည့်ရှုရန် လင့်ခ်

Ref: Instagram star’s gurning ability breaks world record

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top