သင့်ကလေး အာဟာရဓာတ်လုံလုံလောက်လောက်မရဘူးဆိုတာ သိနိုင်တဲ့အချက်များ

15.12.2021yyl16.jpg

မိဘတွေက ကလေးတွေကို ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေ ဂရုတစိုက်ကျွေးမွေးသင့်ပါတယ်။ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေထက် ပိုကောင်းတဲ့အရာမရှိတော့ပါဘူး။

အာဟာရဓာတ်နဲ့ ရွှင်လန်းတက်ကြွပြီး အားအင်ပြည့်ဝတဲ့ကလေးတွေကြားမှာ ဆက်စပ်မှုရှိပါတယ်။ အာဟာရဓာတ်က သင့်ရဲ့ကလေးကို စိတ်ပျော်ရွှင်တက်ကြွစေပြီး အားအင်ပြည့်ဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တကယ်လို့ သင့်ကလေးက အာဟာရဓာတ်မပြည့်ဝဘူးဆိုရင် တက်ကြွမှုမရှိ၊ စိတ်အလိုမကျတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ကလေးတွေ အာဟာရဓာတ်လုံလုံလောက်လောက်မရဘူးဆိုရင် နောက်ထပ် ဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတာ မိဘတွေ သိရှိစေဖို့အတွက် မျှဝေပေးလိုက်ပါတယ်။

ကိုယ်အလေးချိန်အကျမြန်တာ အတက်မြန်တာ

အာဟာရချို့တဲ့ခြင်းရဲ့အပြောများတဲ့လက္ခဏာရပ်တွေထဲက တစ်ခုကတော့ ရုတ်တရက်၊ အလွန်အမင်း ကိုယ်အလေးချိန်အပြောင်းအလဲဖြစ်တာပါပဲ။ သင့်ကလေးက အာဟာရဓာတ်လုံလုံလောက်လောက်မရဘူးဆိုရင် ကိုယ်အလေးချိန်အကျမြန်တာ (သို့) ကိုယ်အလေးချိန်အတက်မြန်တာတွေဖြစ်လာနိုင်ပါတယ်။

မကြာခဏဖျားနာတာ

သင့်ကလေးက ပုံမှန်ထက်ပိုပြီး မကြာခဏ ဖျားနာလာတယ်ဆိုရင် အာဟာရဓာတ်လုံလုံလောက်လောက်မရတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ ကလေး ခဏခဏဖျားနေတယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်ပြီးအာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကို ဂရုတစိုက် ကျွေးဖို့ လိုလာပါပြီ။

စိတ်အပြောင်းအလဲအရမ်းမြန်တာ

အာဟာရချို့တဲ့တဲ့ကလေးတစ်ယောက်က သူ့စိတ်ကို တည်ငြိမ်အောင်လုပ်ဖို့ ခက်ခဲတဲ့အချိန်တွေရှိတတ်ပါတယ်။ စိတ်ခံစားချက်အပြောင်းအလဲမြန်လာနိုင်ပါတယ်။ သင့်ကလေးရဲ့စိတ်ခံစားချက်အပြောင်းအလဲမြန်နေရင် မိဘတွေက သတိထားသင့်နေပါပြီ။

အားအင်ကုန်ခန်းတာ

အာဟာရဓာတ်သင့်တင့်စွာမရတဲ့ ကလေးအများစုက တက်တက်ကြွကြွမရှိ၊ အားအင်မရှိဘဲ ပျင်းရိနေသလိုဖြစ်တတ်ပါတယ်။ တစ်ချိန်လုံးလည်း ပင်ပန်းနေပါလိမ့်မယ်။

စာသင်ယူလေ့လာမှုအခက်အခဲရှိတာ

အာဟာရမပြည့်ဝတဲ့ ကလေးတွေမှာ သိမြင်နိုင်စွမ်းနဲ့ပတ်သက်ပြီး အခက်အခဲတချို့ရှိလာနိုင်ပါတယ်။ သူတို့တွေက အသိပညာဗဟုသုတတွေရှာရမှာ၊ လေ့လာသင်ယူရမှာ အခက်အခဲဖြစ်လာနိုင်ပါတယ်။

အာရုံစိုက်နိုင်စွမ်းအားနည်းတာ

အာဟာရဓာတ်လုံလုံလောက်လောက်မရတဲ့ကလေးတွေရဲ့အာရုံစိုက်နိုင်စွမ်းက အချိန်တိုင်း ဆုတ်ယုတ်လာပါလိမ့်မယ်။ အဲဒီလိုတွေဖြစ်လာရင် ကလေးတွေကို ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကျွေးပါ။ ရေများများတိုက်ပေးပါ။

Ref: Signs your child is not getting enough nutrition

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top