တစ်ရက်တည်းမှာ လူ ၂ ယောက်ကို အသက်ကယ်ပေးခဲ့တဲ့ ၁၁ နှစ်သား

11-7-2022-30.jpg

၁၁ နှစ်သား ဒေဗီယွန်ဂျွန်ဆင်(Davyon Johnson)ဟာ တစ်ရက်တည်းမှာ လူ ၂ ယောက်ကို အသက်ကယ်ပေးနိုင်ခဲ့လို့ ဂုဏ်ထူးဆောင် ရဲအရာရှိ၊ ဂုဏ်ထူးဆောင် တရားဥပဒေစိုးမိုးရေးအရာရှိအဖြစ် ဂုဏ်ပြုခံခဲ့ရပြီး သူ့ကျောင်းကလည်း သူရဲကောင်းဆု ချီးမြှင့်ခဲ့ပါတယ်။

ဒေဗီယွန်ဂျွန်ဆင်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်က ရေဘူးအဖုံး လည်ချောင်းထဲ တစ်နေပြီး အသက်ရှူကျပ်နေတဲ့ အတန်းဖော်ကို ကယ်တင်ခဲ့တဲ့အပြင် အိမ်မီးလောင်နေတဲ့ အမျိုးသမီးတစ်ဦးကိုလည်း အိမ်ထဲကနေ ကယ်ထုတ်ပေးနိုင်ခဲ့တာပါ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top