ဗာဂျီးနီးယားပြည်နယ်က အသက် ၅၁ နှစ်အရွယ် ဆရာမတစ်ဦးဟာ ကျောင်းသား/သူတွေရဲ့ပညာသင်ထောက်ပံ့ဆုအတွက် ရန်ပုံငွေရှာပေးဖို့ မိုင် ၁၀၀ ပြေးခဲ့ပါတယ်။ ကိတ် ဖလက်ချာဆိုတဲ့ အဲ့ဒီဆရာမဟာ ဒါကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျောင်းသူ/သားတွေကို ပညာသင်ထောက်ပံ့ဆုတွေ ပေးအပ်ခွင့်ရချင်တယ်လို့ ပြောပါတယ်။ ပြေးတာ၊ ရန်ပုံငွေရှာတာတွေကို ရပ်တန့်လိုက်ဖို့ အစီအစဉ်မရှိဘူးလို့ ကိတ်က ဆိုပါတယ်။
အင်္ဂလိပ်ဆရာမဖြစ်တဲ့ ကိတ် ဖလက်ချာဟာ Louisa County High School ရှိ နှစ်ပတ်လည်ပွဲ the Lion Pride Run အတွက် မိုင် ၁၀၀ ပြေးခဲ့တာက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ကိတ်က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ပြေးနေခဲ့တာပါ။
ရန်ပုံငွေအတွက် ကိတ် ပြေးတဲ့အချိန်မှာ Louisa County Sheriff’s Office က အဖွဲ့တစ်ဖွဲ့က လိုက်ပါခဲ့ပါတယ်။ ကိတ်က ဧပြီ ၂၀ ရက်နေ့ မနက်ခင်းမှာ Louisa County High School ရဲ့ အထပ် ၁ ထပ်ချင်းစီကနေ စပြေးလာခဲ့ပါတယ်။ အဲ့ဒီမှာ ကျောင်းသူ/သားနဲ့ ဝန်ထမ်းတွေက သူ့ကို အားပေးဖို့ စင်္ကြံတွေတစ်လျှောက် တန်းစီစောင့်ဆိုင်းခဲ့ကြပါတယ်။
ကိတ်က Virginia Capital Trail တစ်လျှောက်ပြေးခဲ့တာပါ။ ဧပြီ ၂၁ ရက်နေ့မနက်ခင်းမှာ နာရီ ၂၀ ကျော်ကြာ Jamestown Park မှာ ပြေးတာပြီးမြောက်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ အလုပ်ပြန်ဝင်ခဲ့ပြီး သူ့ရဲ့ကျောင်းသား/သူတွေကို မြင်တွေ့ရဖို့နဲ့ ငွေကြေးထောက်ပံ့မှုရဖို့ စိတ်လှုပ်ရှားခဲ့တယ်လို့ ကိတ်က ပြောပါတယ်။
အခုနှစ်မှာ Louisa County High School က ကိတ်နဲ့ အဖွဲ့သားတွေဟာ အွန်လိုင်းလှူဒါန်းသူတွေကနေတဆင့် ပညာသင်ထောက်ပံ့ဆုအမျိုးမျိုးအတွက် ဒေါ် လာ ၁၂၀၀၀ ကျော်ရှာနိုင်ခဲ့ပါတယ်။
Ref: Teacher runs over 100 miles to raise money for students
WL (ရိုးရာလေး)

