ဆေးရုံမှာပဲ အထူးသီးသန့်ဘွဲ့အခမ်းအနားကျင်းပပြီး ဘွဲ့နှင်းအပ်ခံခဲ့ရတဲ့ ကင်ဆာရောဂါသည်ကျောင်းသူလေး

16-9-2020-yyl-005.jpg

ဘွဲ့နှင်းသဘင်အခမ်းအနားဆိုတာ တက္ကသိုလ်ကျောင်းသား၊သူတွေအတွက် ဘဝမှာ တစ်ခါပဲ ကြုံတွေ့ရနိုင်တဲ့အရာဖြစ်ပါတယ်။ ကျောင်းသား၊သူတွေအတွက်တင်မဟုတ်ဘဲ မိဘတွေအတွက်လည်း သူတို့သားသမီးတွေရဲ့ အောင်မြင်မှုအမှတ်အသားပါပဲ။ ထိုင်းနိုင်ငံက Chulalongkorn University ရဲ့ကျောင်းသူလေးတစ်ယောက်ကတော့ အောက်တိုဘာမှာ ကျင်းပမယ့် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သူငယ်ချင်းတွေနဲ့အတူ ဘွဲ့တက်ရောက်ယူနိုင်မှာမဟုတ်ပါဘူး။ Asama Pookkho ဆိုတဲ့ အဲဒီကျောင်းသူလေးက ကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် ဆေးရုံတက်ပြီး တွန်းလှန်နေရလို့ပါပဲ။

Asama က သူ့ရဲ့မွေးရပ်မြေ Prachin Buri မှာ ဆေးရုံတက်ရောက်ကုသခံယူနေတာဖြစ်ပါတယ်။ သူ ဆေးရုံတက်နေတုန်း Chulalongkorn University ကနေ ဝမ်းသာစရာသတင်းတစ်ခုလက်ခံရရှိခဲ့ပါတယ်။ အဲဒါကတော့ တက္ကသိုလ်က သူ့ရဲ့အခြေအနေကို သိတဲ့ပြီး သူ့အတွက် ဘွဲ့ကို စောစောပေးချင်တဲ့အတွက် ဆေးရုံမှာပဲ ဘွဲ့အပ်နှင်းဆိုတာပါပဲ။ တနင်္ဂနွေနေ့က Asama ဟာ ဆေးရုံမှာပဲ သူ့ဘေးမှာ ရှိနေတဲ့ မိဘတွေနဲ့အတူ ဘွဲ့ဝတ်စုံဝတ်ပြီး တက္ကသိုလ်အဓိပတိ ပါမောက္ခ Bundit Auephakorn ဆီကနေ ဝိဇ္ဇာဘွဲ့ကို လက်ခံရရှိခဲ့ပါတယ်။

တက္ကသိုလ်က Asamaရဲ့အကြောင်းကို နန်းတော်ဆီ ရောက်အောင် ပြောပြပေးခဲ့ပြီးတဲ့နောက်မှာ ထိုင်းဘုရင်ရဲ့ညီမအငယ်ဆုံး မင်းသမီး Maha Chakri Sirindhorn က Asamaကို ဆေးရုံမှာ ဘွဲ့နှင်းအပ်ပေးဖို့ သူ့နဲ့ သူ့အဖွဲ့သားတွေကို ညွှန်ကြားခဲ့တာဖြစ်တယ်လို့ တက္ကသိုလ်အဓိပတိက နောက်မှ ထုတ်ပြောပြခဲ့ပါတယ်။

Ref: Thai University Hosts Special Graduation Ceremony At Hospital For Student Battling Cancer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top