မေးစေ့နှစ်ထပ်ဖြစ်လာလို့ စိတ်ညစ်နေပြီလား

a-female-hand-giving-an-apple-to-an-attractive-A2K8LMC.jpg

အဝလွန်ပြီး မေးစေ့နှစ်ထပ်ဖြစ်နေပြီလား။ ဝိတ်လျော့လိုက်လို့ ခန္ဓာကိုယ်အလေးချိန် ကျသွားပေမဲ့လည်း မေးစေ့ နှစ်ထပ်ဖြစ်နေတာ မပျောက်ဘဲ ကျန်နေသေးလို့ စိတ်ညစ်နေရဖူးလား။ ဆယ်ဖီရိုက်တဲ့အခါ ဗိုက်က အဆီမပေါ်အောင် ဟန်ဆောင် ဖုံးကွယ်လို့ရပေမဲ့ မေးစေ့နှစ်ထပ် ဖြစ်နေတာကိုတော့
ဖုံးကွယ်လို့ မရနိုင်တာ သေချာပါတယ်။ မေးစေ့နှစ်ထပ်ဖြစ်နေတာကို ပျောက်ကင်းစေမယ့် အသုံးဝင်နည်းလမ်း အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

လေချွန်ခြင်းက မေးစေ့နှစ်ထပ် ဖြစ်ပေါ်နေခြင်း အမှန်တကယ် ပျောက်ကင်းစေနိင်ပါတယ်။ လေချွန်တဲ့အခါ လည်ပင်းမှာရှိတဲ့ ကြွက်သားတွေကို ဆွဲဆန့်ထားသလိုဖြစ်တဲ့အတွက် လည်ပင်းတစ်ဝိုက်က အဆီတွေကို လျော့ကျစေမှာပါ။ တစ်နေ့ကို ၈မိနစ်လောက် တစ်ခါချွန်ရင် စက္ကန့် ၂၀လောက် လေချွန်ပေးကြည့်ပါ။

မိန်းကလေးအများစုက တစ်ခုခု အလိုမကျရင် နှုတ်ခမ်းစူတာ မြင်ဖူးကြမှာပါ။ ဒီလို နှုတ်ခမ်းစူခြင်းက တကယ်တော့ မေးစေ့တစ်ဝိုက်က အဆီပိုတွေကို လျော့ကျစေပြီး မေးစေ့နှစ်ထပ် ဖြစ်ပေါ်နေခြင်းကို ပျောက်ကင်းစေနိင်ပါတယ်။

ပီကေစားတာကလည်း မေးစေ့နှစ်ထပ် ဖြစ်ပေါ်ခြင်းကို သိသိသာသာ ပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် လေ့လာ စမ်းသပ်ချက်တွေအရ ပီကေစားခြင်းက အစာစားချင်တဲ့စိတ် ဖြစ်ပေါ်ခြင်းကို ဟန့်တားပေးနိင်တဲ့အတွက် ခန္ဓာကိုယ် အလေးချိန်ကိုလည်း လျော့ကျစေနိုင်ပါတယ်။

ကျွန်တော်တို့အားလုံး နေ့စဉ်နဲ့အမျှ မရေမတွက်နိုင်အောင် သမ်းဝေကြပါတယ်။ သမ်းဝေတဲ့အခါ ပါးစပ်ကို ကျယ်နိင်သမျှ ကျယ်အောင် ဖွင့်ပြီး လျှာကိုအပြင်ကို ထုတ်ပါ။ ဒီလိုမျိုးပြုလုပ်ပေးရင် မေးစေ့နဲ့ လည်ပင်းတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေ ဆန့်သွားတဲ့အတွက် မေးစေ့နှစ်ထပ် ဖြစ်ပေါ်နေခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။

မေးစေ့နှစ်ထပ်ဖြစ်ပေါ်နေတာ ပျောက်ကင်းစေတဲ့ လေ့ကျင့်ခန်းလေးတစ်ခုကိုလည်း ထပ်ပြီး ညွှန်ပြပေးချင်ပါတယ်။ ပထမဆုံး ထိုင်ခုံမှာ ခါးမတ်မတ်လေးထိုင်ပါ။ ပြီးရင် ဦးခေါင်းကို ဘယ်ဘက်ပခုံးကနေ ရင်ဘတ်တည့်တည့်ထိရောက်အောင် အောက်ဘက်ကနေ ဖြည်းဖြည်းချင်းလှည့်ပါ။ ရင်ဘတ်တည့်တည့်ရောက်ပြီဆိုရင် ညာဘက်ပခုံးထိ ရောက်အောင် ဆက်ပြီးတော့ လှည့်သွားပေးပါ။ တစ်နေ့ကို ၅မိနစ် ၁ဝမိနစ်လောက် လေ့ကျင့်ပေးသွားမယ်ဆိုရင် မေးစေ့နှစ်ထပ် ဖြစ်ပေါ်နေခြင်း တဖြည်းဖြည်း ပျောက်ကင်းသွားပါလိမ့်မယ်။

အခုဖော်ပြထားတဲ့ နည်းလမ်းလေးတွေက အချိန်ယူပြီးလုပ်ပေးရမှာဖြစ်လို့ စိတ်ရှည်ရှည်ထားဖို့တော့ လိုတယ်နော်။

Ref: “Check out these easy tips to get rid of extra chin fat ”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top