နှစ်ပေါင်း ၁ဝဝ၀ သက်တမ်းရှိ တရုတ် ရှေးဟောင်း ပန်းကန်လုံးကို ဒေါ်လာ ၃၇.၇ သန်းနဲ့ ရောင်းထွက်ခဲ့

china-song-dynasty-bowl-auction-afp-0310.jpg

ခရစ်နှစ် ၉၆၀ မှ ၁၂၇၉ ခုနှစ်အတွင်းက နန်းဆက်ဖြစ်တဲ့ တရုတ်ဆောင် မင်းဆက်ခေတ်မှ နှစ်သက်တမ်း ၁၀၀၀ ခန့်ရှိ ပန်းကန်လုံး တစ်လုံးဟာ အင်္ဂါနေ့က Sotheby လေလံပွဲမှာ စံချိန်တင်ဈေး ဒေါ်လာ ၃၇.၇ သန်းနဲ့ ရောင်းထွက်သွားခဲ့ပါတယ်။

ဒီဈေးနှုန်းဟာ ၂၀၁၄ ခုနှစ်တုန်းက  ဒေါ်လာ ၃၆.၀၅ သန်းနဲ့ ရောင်းထွက်သွားခဲ့တဲ့ မင်နန်းဆက်က ဝိုင်ခွက်ရဲ့ ဈေးနှုန်းကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။

လေလံဖွင့်ဈေးကိုတော့ ဒေါ်လာ သန်း ၁၀.၂ သန်းနဲ့ စဖွင့်ခဲ့တာ ဖြစ်ပြီး လေလံဆွဲချိန် မိနစ် ၂၀ ကြာခဲ့ကာ နောက်ဆုံးမှာတော့ လူတစ်ယောက်က ဖုန်းမှတဆင့် ဝယ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပန်းကန်လုံးဟာ စုတ်တံများ၊ ဘရပ်ရှ်များကို ဆေးရန်အတွက် အသုံးပြုခဲ့တဲ့ ပန်းကန်လုံးဖြစ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်းမှာ စိုးစံခဲ့တဲ့ ဆောင်နန်းဆက်ရဲ့ ရှားပါးတဲ့ ကြွေထည်လက်ရာ တစ်ခုလည်းဖြစ်ပါတယ်။ ပန်းကန်လုံးရဲ့အချင်းကတော့ ၁၃ စင်တီမီတာ ရှိပြီး ပန်းကန်လုံးကိုတော့ အမှောင်တွင်းမှာ အလင်းထွက်တဲ့ အပြာရောင် စဉ့်နဲ့ သုတ်လိမ်းထားပါတယ်။

ဒီလေလံအောင်မှုကြောင့် ဒီပန်းကန်လုံးဟာ တရုတ်ကြွေထည် စံချိန်တင်ရောင်းချမှု အဖြစ်မှတ်တမ်းခဲ့တယ်လို့ Sotheby လေလံပွဲကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Ref : Guardian News : 1,000-year-old China bowl sells for record $37.7m

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top