ပါးစပ်နှာခေါင်းစည်းသတ်မှတ်ချက်ကြောင့် ဝေဖန်မှုတွေခံနေရတဲ့ ထိုင်းနိုင်ငံက စာသင်ကျောင်း

10-6-2020-yyl-028.jpg

ထိုင်းနိုင်ငံမှာ ပါးစပ်နှာခေါင်းစည်းပြတ်လပ်မှု တွေရှိနေတဲ့အတွက် COVID-19 အန္တရာယ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဘယ်လို ပါးစပ်နှာခေါင်းစည်းမျိုးကိုမဆို ဝတ်ဆင် နေကြရတာပါ။ ထိုင်းနိုင်ငံက စာသင်ကျောင်း တစ်ကျောင်းကတော့ ပါးစပ်နှာခေါင်းစည်း ပြတ်လပ်နေတဲ့အချိန်မှာ ပါးစပ်နှာခေါင်းစည်း အသုံးတည့်တာထက် အသွင်အပြင်ကို ပိုဦးစားပေးသလို ဖြစ်နေတာကြောင့် ဝေဖန်မှုတွေရင်ဆိုင်နေရပါတယ်။ ပုံထဲမှာ တွေ့မြင်ရမယ့် စာသင်ကျောင်းရဲ့ကြော်ငြာဆိုင်းဘုတ်အရတော့ ကျောင်းတက်ရင်း သူတို့သတ်မှတ်ထားတဲ့ ပါးစပ်နှာခေါင်းစည်းကိုသာ ဝတ်ဆင်ရမယ်လို့ ကျောင်းသား/သူတွေကို ညွှန်ကြားထားတာဖြစ်ပါတယ်။

“ပါးစပ်နှာခေါင်းစည်းမှာ ဒီဇိုင်းပန်းပွင့်တွေမပါတဲ့ အရောင်ချည်း သက်သက်ဖြစ်ရမယ်။ အဖြူ၊ မီးခိုး၊ အနက်၊ ပန်းရောင်၊ အပြာ၊ အစိမ်းလို အရောင်တွေပါပဲ”လို့ ဆိုင်းဘုတ်မှာ ရေးသား ထားပါတယ်။ ညွှန်ကြားချက်မှာ ပါးစပ်နှာခေါင်းစည်း အရောင်ကို ကျာင်းသား၊ ကျောင်းသူအလျောက် သတ်မှတ်ထားတာပါဝင်ပါတယ်။ မိန်းကလေးတွေက အဖြူရောင် (သို့) ဖျော့တဲ့အရာင်တွေ ဝတ်ဆင်ရမှာဖြစ်ပြီး ယောက်ျားလေးတွေအတွက်က အဖြူရောင် (သို့) အနက်ဘက်သမ်းတဲ့ အရောင်တွေပါပဲ။ တကယ်တော့ ခြေအိတ်အရောင်ကို ရွေးချယ် ဝတ်ဆင်ရတဲ့ အလေ့အကျင့်က ထိုင်းနိုင်ငံတွေမှာ ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့အခုက ခြေအိတ်နဲ့ ပါးစပ်နှာခေါင်းစည်းတို့က ဝတ်ဆင်ရတဲ့ ရည်ရွယ်ချက်ချင်း မတူကြပါဘူး။ ပါးစပ်နှာခေါင်းစည်းတွေက ကျန်းမာရေးအတွက် ဝတ်ဆင်ရတာဖြစ်ပြီး ဘယ်လိုဒီဇိုင်းမျိုးဖြစ်ဖြစ် အသုံးတည့်ပါတယ်။

စာသင်ကျောင်းရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အင်တာနက် အသုံးပြုသူတွေက မကျေမနပ်ဖြစ်နေကြပါတယ်။ ဒီကျောင်းစည်းမျဉ်းက ကြောင်းကျိုးမဆီလျော်ဘူးလို့ ဝေဖန်ပြောဆိုနေကြပါတယ်။ အင်တာနက် အသုံးပြုသူတစ်ဦးက ကျောင်းရဲ့စည်းမျဉ်းဟာ ပါးစပ်နှာခေါင်းစည်း ပြတ်လပ်နေချိန်မှာ ဘေးကင်းရေးကို အာရုံစိုက်ရမယ့်အစား ကျောင်းသား/သူတွေအတွက် မလိုအပ်ဘဲ အနှောင့်အယှက်ဖြစ်စေတယ်လို့ ပြောပါတယ်။ ပါးစပ်နှာခေါင်းစည်းက သင့်ကိုကာကွယ်ဖို့ပဲ။ အခုက ကျွန်တော်တို့ ရနိုင်တဲ့ပါးစပ်နှာခေါင်းစည်း ဘယ်လိုပုံစံဖြစ်ဖြစ်ဝတ်သင့်တယ်။ ကျေးဇူးပြုပြီးတော့ ဗျာများရအောင်မလုပ်ပါနဲ့။ အထူးသဖြင့် ပါးစပ်နှာခေါင်းစည်း ပြတ်လပ်နေတဲ့အချိန်မှာလို့ ရေးသားထားပါတယ်။

တခြားတစ်ယောက်တော့ လူတိုင်း ကျောင်းရဲ့စည်းမျဉ်းကို လိုက်နာဖို့မတတ်နိုင်တဲ့အတွက် ကျောင်းက ပါးစပ်နှာခေါင်းစည်း ပံ့ပိုးပေးသင့်တယ်လို့ ဆိုပါတယ်။ “စည်းမျဉ်းချမှတ်တာ အဆင်ပြေပါတယ်။ ဒါပေမဲ့ မိသားစုတွေက စီးပွားရေးအကြပ်အတည်း ဖြစ်နေတဲ့အတွက် ကျောင်းက ကျောင်းသား/သူ တစ်ယောက်ချင်းစီကို ပါးစပ်နှာခေါင်းစည်း ပံ့ပိုးပေးသင့် ပါတယ်လို့လည်း ရေးသားထားပါတယ်။ ဇူလိုင် (၁) ရက်နေ့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ ဒီစည်းမျဉ်းတွေအတိုင်း ဆက်မသွားခင် ကျောင်းက ဝေဖန်ပြောဆိုမှုတွေကို မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: Thai School’s Face Mask “Dress Code” Angers Citizens For Prioritising Appearance Over Functionality

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top