ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်တတ်တဲ့အအေးမိဖျားနာခြင်းအတွက် အိမ်တွင်းကုသနည်းများ

10-6-2020-yyl-032.jpg

COVID-19 ရောဂါပိုးတွေ့ရှိသူ အရေအတွက်က နေ့တိုင်း တိုးလာနေတုန်းပါပဲ။ ကိုယ်ခံအား စနစ်ကောင်းဖို့အတွက် တတ်နိုင်သလောက် လုပ်ဆောင်နေကြရပါတယ်။ အခုလို မိုးရွာနေတဲ့ အချိန်မျိုးမှာဆိုရင် ပိုဆိုးရွားလာနိုင်ပါတယ်။ မိုးရေစက်ကြောင့် အအေးမိဖျားနာတာတွေ ဖြစ်လာနိုင်တဲ့အတွက် အခုလိုရာသီဥတု အပြောင်းအလဲအချိန်ခါမှာ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကတော့ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိမှသာ ကူးစက်နိုင်ပေမယ့် အအေးမိတုပ်ကွေး ရောဂါကတော့ ရာသီဥတုအပြောင်းအလဲ ဖြစ်တဲ့အချိန်မှာ နှစ်တိုင်း ဖြစ်ကြပါတယ်။ ဒါကြောင့် ရောဂါပိုးတွေ ဝင်မရောက်လာအောင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့၊ အဖြစ်များတဲ့ အအေးမိ တုပ်ကွေးဖျားနာခြင်းကို ကုသပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

ချင်း (ဂျင်း) နဲ့ ပျားရည်

ချင်း (ဂျင်း) ပြုတ်ရည်ထဲ ပျားရည်ထည့်သောက်တဲ့ နည်းလမ်းက ဟိုအရင်ကတည်းက လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်းတွေကို သက်သာစေနိုင်တဲ့နည်းပါပဲ။ ဒီအိမ်တွင်းနည်းလမ်းက မအီမသာဖြစ်ခြင်းကို သက်သာစေတဲ့အပြင် ချင်းမှာပါဝင်တဲ့ ဓာတ်တွေက အအေးမိခြင်းကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို သတ်ပေးနိုင်စွမ်းရှိပါတယ်။ ပျားရည်ကလည်း ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ချင်းပြုတ်ရည်ထဲကို ပျားရည်ထည့်တာက အအေးမိ တုပ်ကွေး ဖျားနာခြင်းတွေအတွက် ကောင်းမွန်ပါတယ်။ ဒါ့အပြင် ပျားရည် (လက်ဖက်ရည်ဇွန်း (၁) ဇွန်း) က လည်ချောင်းနာခြင်းကို အလျင်အမြန် သက်သာသွားစေနိုင်ပါတယ်။ အရေးကြီးတာက ပျားရည်မှာ အဆိပ်သင့်စေတဲ့ မျိုးမှုန့်တွေ မကြာခဏပါဝင်တတ်တဲ့အတွက် အသက် (၁) နှစ်အောက်ကလေးတွေကို ပျားရည်မတိုက်ပါနဲ့။ မွေးကင်းစကလေးတွေရဲ့ ကိုယ်ခံအားစနစ်က အဲဒါကို တိုက်ဖျက်နိုင်စွမ်း မရှိပါဘူး။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက သေးငယ်တဲ့ ဘတ်တီးရီးယားပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အယ်လီစင် (allicin) ဒြပ်ပေါင်းပါဝင်ပါတယ်။ တစ်နေ့တာအစားအစာမှာ ကြက်သွန်ဖြူကို ထည့်စားတာက အအေးမိဖျားနာတဲ့လက္ခဏာရပ်တွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။ ကြက်သွန်ဖြူကို ပုံမှန်စားသုံးပေးတာကလည်း ဖျားနာခြင်းတွေ မဖြစ်အောင် ကူညီ ပေးနိုင်ပါတယ်။ မနက်ခင်းမှာ ကြက်သွန်ဖြူအနည်းငယ်ကို ဝါးစားတာက ဆီးချိုရောဂါကို ထိန်းပေးနိုင်ပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သံပရိုသီး၊ လိမ္မော်သီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဗီတာမင်စီဓာတ်ကို အလွယ်တကူရနိုင်တဲ့ အရာတွေပါပဲ။ ရေနွေးပူထဲကို သံပုရာရည် ထည့်သောက်တာကလည်း အအေးမိခြင်းကို သက်သာအောင် ကူညီပေးနိုင်ပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးတာက အအေးမိဖျားနာခြင်းကို အရှင်းမပျောက်စေနိုင်ပေမယ့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဗီတာမင်စီဓာတ်ကို လုံလုံလောက်လောက်ရတာက အသက်ရှု လမ်းကြောင်းဆိုင်ရာကူးစက်ရောဂါနဲ့ အခြားဖျားနာခြင်းတွေကို သက်သာစေနိုင်ပါတယ်။

ချင်း၊ပင်စိမ်းလက်ဖက်ရည်

နှာခေါင်းပိတ်နေရင် လက်ဖက်ရည် ပူပူလေး တစ်ခွက်သောက်လိုက်ရင် သက်သာ သွားနိုင်ပါတယ်။ ဒါပေမဲ့ ရိုးရိုးလက်ဖက်ရည် မဟုတ်ပါဘူး။ ချင်း၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ပင်စိမ်းတို့ကို ရောစပ်ဖျော်ထားတဲ့ လက်ဖက်ရည် ပူပူလေးပါ။ အဲဒီလက်ဖက်ရည်က အအေးမိ ဖျားနာခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ဒီလိုလက်ဖက်ရည်ကို အိန္ဒိယလူမျိုးတွေ အများဆုံးသောက်ကြပါတယ်။

အနားယူပါ

အအေးမိဖျားနာနေတဲ့ အချိန်မှာ လှုပ်လှုပ်ရှားရှားနေတာက ခန္ဓာကိုယ်အပူချိန်ကို တိုးလာ နိုင်ပါတယ်။ ဖျားနာခြင်းကနေ ပြန်ကောင်းမွန်လာဖို့အတွက် အနားယူပေးသင့်ပါတယ်။ လျင်လျင်မြန်မြန် ပြန်ကောင်းဖို့အတွက် ရေများများသောက်ပြီး ကောင်းကောင်း အနားယူပေးသင့်ပါတယ်။

Ref: home remedies to treat cold and flu caused by the sudden change in weather

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top