Oxford Business Group ၏ The Report: Myanmar 2021 အစီအရင်ခံစာသစ်အတွက် သတင်းထုတ်ပြန်မှုများကို Mangosteen PR က ကူညီပံ့ပိုးမည်

18-3-2020-yyl-029.jpg

ကမ္ဘာလုံးဆိုင်ရာ သုတေသနနှင့်အကြံပေးလုပ်ငန်းဖြစ်သည့် Oxford Business Group (OBG) က မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများအကြောင်းကို အဓိကထားသုံးသပ်သွားမည့် The Report: Myanmar 2021 အစီအရင်ခံစာသစ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုများ ပြုလုပ်ရာတွင် Mangosteen PR က ကူညီပံ့ပိုးသွားရန် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

လတ်တလောထုတ်ပြန်ထားသော ၂၀၂၀ ခုနှစ်အတွက် မြန်မာနိုင်ငံအကြောင်း အစီအရင်ခံစာအသစ်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်နေသော ကဏ္ဍများဖြစ်ကြသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် အခြေခံ အဆောက်အအုံများမှစ၍ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်များ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများအကြောင်းကို အလေးပေးသုံးသပ်သွားခဲ့သည်။

တိုးတက်မှုအတွက်ရည်မှန်းကာ နိုင်ငံတွင်းပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြင့်လုပ်ဆောင်လာသည့်အတွက် ဆက်လက်ထုတ်ပြန်မည့် အဆိုပါအစီအရင်ခံစာတွင် မြန်မာပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများကို သုံးစွဲသူများထံ လက်လီဘဏ်ဝန်ဆောင်မှုပေးနိုင်မည့်လိုင်စင်များ ပေးအပ်လိုက်သည့်အကြောင်းကိုလည်း သုံးသပ်မည့်အပြင် ဘဏ်လုပ်ငန်းနှင့် အခြားသောလုပ်ငန်းများအကြား ဒီဂျစ်တယ်နည်းပညာကူးပြောင်းမှုသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းကို ခွဲခြမ်းစိတ်ဖြာသွားမည်ဖြစ်သည်။

ယခုလက်ရှိကာလသည် အိုင်စီတီနည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်မားလာမှုများနှင့်အတူ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးပါသည့်အချက်အခြာအချိန်ကာလတစ်ခုဖြစ်ပြီး ဤကဲ့သို့သောအချိန်ကာလတွင် OBG နှင့် Mangosteen PR တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အချိန်ကိုက်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု Mangosteen PR ၏ CEO ဒေါ်အေးနှင်းဆွေ (Rose Swe) မှ ပြောကြားခဲ့သည်။ မြန်ဆန်စွာဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြန်မာ့စီးပွားရေးအကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သတိပြုမိအောင်ကြိုးပမ်းရာတွင် သတင်းနှင့်ပြန်ကြားရေးအေဂျင်စီသည် အဓိကသော့ချက်ဖြစ်ကြောင်း OBG ၏ Country Director ဖြစ်သူ Mila Dimitrova က မှတ်ချက်ပေးခဲ့သည်။

The Report: Myanmar 2021 အစီအရင်ခံစာတွင် Oxford Business Group သုတေသနအဖွဲ့၏ ၁၂ လကျော် ပြုလုပ်ထားသည့် လေ့လာဆန်းစစ်ချက်များပါဝင်မည်ဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် macroeconomics၊ အခြေခံ အဆောက်အအုံ၊ ဘဏ်လုပ်ငန်းနှင့် အခြားသောကဏ္ဍအလိုက်တိုးတက်မှုများအပါအဝင် စီးပွားရေးကဏ္ဍတစ်ခုလုံး၏ ဦးတည်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ခန့်မှန်းချက်များပါဝင်ပါသည်။

The Report: Myanmar 2021 အစီအရင်ခံစာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ၏ ပူးပေါင်းကူညီမှုများ ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ EY နှင့် Kelvin Chia ဥပဒေအကြံပေးကုမ္ပဏီတို့ နှင့်အတူ ပူးတွဲထုတ်ပြန်ထားခြင်း ဖြစ်ပါသည်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top