သင့်နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာများ

3-6-2020-yyl-012.jpg

နှလုံးရောဂါဟာ ကမ္ဘာတလွှားမှာ လူပေါင်းများစွာရဲ့ အသက်ကို ရန်ရှာနေတဲ့ ပြဿနာတခုဖြစ်ပါတယ်။ လူသားများဟာ အသက်ကြီးလာတာနဲ့အမျှ နှလုံးကြွက်သားအားနည်းခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း စတဲ့နှလုံးနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေကို ကြုံကြိုက်ရတတ်ပါတယ်။

နှလုံးရောဂါကိုဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိသလို အဆိုပါအကြောင်းအရင်းတွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေလည်း ရှိနေပါတယ်။ အချိန်မှန် ကျန်းမာရေးစစ်ဆေးခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ စိတ်ဖိစီးမှု လျှော့ချခြင်း၊ နေထိုင်စားသောက်ပုံ ပြောင်းလဲခြင်း စတာတွေနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ယခုဆက်လက်ဖော်ပြမှာကတော့ နှလုံးကျန်းမာရေးအတွက် စားသုံးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

၁။ ကညွတ်

ကညွတ်မှာ ဖောလိတ်ပါဝင်ပြီး ကိုယ်ခန္ဓာထဲမှာ homocysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကို စုပုံလောစေခြင်းကနေ ကာကွယ်ပေးပါတယ်။ homocysteine ပမာဏ မြင့်တက်ခြင်းဟာ နှလုံးနဲ့ ဆက်နွယ်နေတဲ့ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း စတာတွေနဲ့ ဆက်စပ်နေပါတယ်။

၂။ ပဲအမျိုးမျိုး

ပဲကြီး၊ စားတော်ပဲ၊ ပဲလွန်း၊ ပဲငပိ စတာတွေဟာ LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောကို သိသသာသာ လျော့ကျစေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ပရိုတိန်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းတွေဟာ နှလုံးကျန်းမာရေးသာမက အလုံးစုံသော ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

၃။ ဘယ်ရီသီးများ

ဘယ်ရီသီးတွေမှာ ပေါ်လီဖီနောလို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်ပါတယ်။ အဆိုပါပစ္စည်းဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်၊ ဖောလိတ်၊ သံဓာတ်၊ ကယ်လ်ဆီယမ်၊ ဗီတာမင် A၊ ဗီတာမင် C စတာတွေပါဝင်ပြီး အဆီဓာတ် လျော့နည်းပါတယ်။

၄။ ပန်းပွင့်စိမ်း

ပန်းပွင့်စိမ်းကို ရေနွေးငွေ့နဲ့ပေါင်းပြီး ပုံမှန်စားသုံးပေးခြင်းဟာ ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၅။ ချီယာစေ့၊ နှမ်းကြတ်စေ့

အဆိုပါအစေ့များမှာ omega 3 ကြွယ်ဝပါတယ်။ omega 3 ဟာ triglyceride နဲ့ LDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။ သွေးတိုးကျစေပြီး သွေးလွှတ်ကြောတွေထဲမှာ အဆီဖတ်တွေ ကပ်ငြိစုပုံလာခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် omega 3 ဟာ heart attack ဖြစ်စေတဲ့ သွေးကြောများပိတ်ဆို့ခြင်း၊ နှလုံးခုန်မမှန်ခြင်းစတာတွေကို လျှောပချပေးနိုင်ပါတယ်။

၆။ ချောကလက်အနက်

ချောကလက်အနက်များဟာ သွေးကြောများပိတ်ဆို့ကျဉ်းမြောင်းခြင်းကို ကာကွယ်ပေးတယ်လို့ ဆိုပါတယ်။ သွေးကြောများပိတ်ဆို့ခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကို ခံစားရစေနိုင်ပါတယ်။ ချောကလက်အနက်ကို စားခြင်းကြောင့် သွေးကြောများ တောင့်တင်းခြင်းနဲ့ သွေးဖြူဥများ ကပ်ငြိခြင်းကို မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

၇။ ကော်ဖီ

ကော်ဖီကို ပုံမှန်သောက်သုံးပေးခြင်းဟာ နှလုံးပျက်စီးခြင်း၊ လေဖြတ်ခြင်း စတဲ့ပြဿနာတွေကို လျော့နည်းစေနိုင်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံမဖြစ်စေဖို့ သတိထားရပါမယ်။ ကဖိန်းဓာတ်များသွားရင် နှလုံးခုန်စည်းချက်မမှန်ခြင်း ဖြစ်စေနိုင်ပါတယ်။

၈။ Omega 3 ကြွယ်ဝသောငါးများ

ငါးအမျိုးမျိုးဟာ နှလုံးအတွက်အကျိုးပြုတဲ့ omega 3 ရရှိရာရင်းမြစ်တွေပဲ ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်နေသူများ၊ ဖြစ်နိုင်ခြေ ရှိသူများအနေနဲ့ ဆယ်လ်မွန်၊ တူနာ စတဲ့ omega 3 ကြွယ်ဝတဲ့ ငါးတွေကို စားသုံးပေးခြင်းအားဖြင့် နှလုံးခုန်မမှန်ခြင်း၊ သွေးလွှတ်ကြောပိတ်ဆို့ခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

၉။ Green tea

Green tea သောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကို ကျစေတယ်လို့ ဆိုပါတယ်။ ၂၀၁၄ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ သွေးတိုးသူများ green tea သောက်သုံးရာမှာ သွေးပေါင်ကျစေတယ်လို့ သိရပါတယ်။ (ဒါပေမယ့် ဒီအချက်အလက်ကို အတည်ပြုဖို့ သုတေသနများစွာ လုပ်ဆောင်ဖို့ လိုအပ်ပါသေးတယ်။

၁၀။ အခွံမာသီးများ

မက်မွန်သီး၊ ဟေဇယ်သီး၊ မြေပဲ၊ သစ်ကြားသီး စတာတွေဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အဆိုပါအသီးတွေမှာ ပရိုတိန်း၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သစ်ကြားသီးမှာ omega 3 လည်း ပါဝင်ပါတယ်။

၁၁။ အသည်း

ကလီစာတွေထဲမှာ အသည်းဟာ အာဟာရဓာတ် အသိပ်သည်းဆုံး ဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်၊ သံဓာတ်၊ ခရိုမီယမ်၊ ကြေးနီ၊ ဇင့် စတဲ့ဓာတ်ပစ္စည်းတွေပါဝင်ပြီး သွေးထဲက ဟေမိုဂလိုဘင်တွေကို မြင့်တက်စေတာကြောင့် နှလုံးကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။

၁၂။ Oatmeal

Oatmeal မှာ အမျှင်ဓာတ်ကြွယ်ဝပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ၂၀၀၈ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ LDL ကိုလက်စထရောကို လျော့ကျစေတယ်လို့ သိရပါတယ်။

၁၃။ ဟင်းနုနွယ်

ဟင်းနုနွယ်မှာ မဂ္ဂနီဆီယမ်ကြွယ်ဝပြီး နှလုံးခုန်နှုန်းကို စည်းချက်မှန်စေဖို့ ထိန်းသိမ်းပေးပါတယ်။

၁၄။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ ဖောလိတ်၊ ကိုလင်း စတာတွေ ပါဝင်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး)

Share this post

Leave a Reply

scroll to top