မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ကို စွဲချက် ၇ ခုလုံးအတွက် အပြစ်ရှိတယ်လို့ စီရင်ချက်ချမှတ်

28-7-2020-yyl-022.jpg

ဒေါ်လာသန်းချီ အကျင့်ပျက်ခြစားခဲ့တယ်ဆိုတဲ့ စွဲချက်တွေကြောင့် ရုံးတင်စစ်ဆေးမှုတွေ ရင်ဆိုင်နေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ ပထမဆုံး ရုံးတင်စစ်ဆေးမှုမှာ စွဲချက် ၇ ခုလုံးအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ နာဂျစ်ရာဇက်ကတော့ ယုံကြည်မှုအလွဲသုံးစားလုပ်မှု၊ ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးစားလုပ်မှု စတဲ့စွဲချက်တွေအတွက် အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

ဒီအမှုဟာ မလေးရှားနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု၊ အကျင့်ပျက်ခြစားမှု ဆန့်ကျင်တိုက်ဖျက်ရေးအားထုတ်မှုတွေအတွက် စမ်းသပ်မှုတစ်ရပ်လို့ သတ်မှတ်ခံထားရပါတယ်။ မလေးရှားနိုင်ငံရဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ အရှုပ်တော်ပုံဟာ ကမ္ဘာလုံးဆိုင်ရာ လိမ်လည်မှုနဲ့ အကျင့်ပျက်ခြစားမှုကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီကနေ့ အမိန့်ချမှတ်မှုဟာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေထဲက ရန်းဂစ် ၄၂ သန်း ( အမေရိကန်ဒေါ်လာ ၁၀ သန်း)ကို နာဂျစ်ရာဇက်ရဲ့ ဘဏ်အကောင့်ထဲ လွှဲပြောင်းထည့်သွင်းမှုကိစ္စကို စီရင်ချက်ချမှတ်ခဲ့တာပါ။

နာဂျစ်ရာဇက်ဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ စွဲချက်တစ်ခုချင်းစီအတွက် ထောင်ဒဏ် ၁၅ နှစ်ကနေ နှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။ ဒါပေမဲ့ နာဂျစ်ရာဇက်ကတော့ စီရင်ချက်မချမီကတည်းက အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် အယူခံဝင်မယ်လို့ ပြောထားသူပါ။

Ref: BBC ” Najib Razak: Former Malaysian PM guilty on all charges in corruption trial”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top