လက်ဆောင်ရတဲ့ မဲလက်မှတ်ကနေ ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆိုရဲ့ ယူရိုတစ်သန်းတန် ပန်းချီကား မဲပေါက်

22-5-2020-yyl-046.jpg

အီတလီအမျိုးသမီးတစ်ယောက်ဟာ လက်ဆောင်ရတဲ့ မဲလက်မှတ်ကနေ ရန်ပုံငွေ မဲဖောက်ပွဲမှာ ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆိုရဲ့ ယူရိုတစ်သန်းတန် ပန်းချီကား မဲပေါက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပတဲ့ ခရစ္စတီးလေလံကုမ္ပဏီရဲ့ တိုက်ရိုက်မဲနှိုက်ပွဲ အခမ်းအနားမှာ မဲပေါက်ခဲ့တာပါ။ Care charity အတွက် ရန်ပုံငွေ တိုးမြှင့်ရရှိစေဖို့ ရည်ရွယ်တဲ့ မဲဖောက်ပွဲကို လက်မှတ်ပိုရောင်းရစေဖို့နဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးရေး ကန့်သတ်ချက်တွေကြောင့် နှစ်ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အီတလီအမျိုးသမီး မဲပေါက်ခဲ့တဲ့ Nature Morte ပန်းချီကားဟာ ၁၉၂၁ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ သက်ငြိမ်ပန်းချီကားဖြစ်ပါတယ်။

၁၈ လက်မ- ၉ လက်မရှိပြီး စားပွဲပေါ်က ဒေါနပန်းထည့်ထားတဲ့ ဖန်ခွက်နဲ့ သတင်းစာတစ်စောင်ပုံကို ရေးဆွဲထားတာပါ။ မဲလက်မှတ်တစ်စောင်ကို ယူရို ၁၀၀ နဲ့ ရောင်းချခဲ့ရာမှာ မဲလက်မှတ် ၅၁၀၀၀ ရောင်းချခဲ့ရပြီး ယူရို ၅.၁ သန်း ရရှိခဲ့ပါတယ်။ မဲလက်မှတ် ၂၉ ရာခိုင်နှုန်းကို ပြင်သစ်နိုင်ငံမှာ ရောင်းချခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံတွေမှာလည်း မဲလက်မှတ် တော်တော်များများ ရောင်းချခဲ့ရပါတယ်။ ဒီမဲဖောက်ပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ် ယူရို ၄.၂ သန်းကို မာဒါဂက်စကာ၊ မော်ရိုကို၊ ကင်မရွန်းနိုင်ငံတွေရဲ့ ရွာတွေနဲ့ စာသင်ကျောင်းတွေမှာ ရေသန့်ရရှိရေးစီမံကိန်းတွေအတွက် အသုံးပြုသွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top