COVID-19 ရောဂါ ကူးစက်ခံရပြီးနောက် လူချစ်လူခင်ပေါတဲ့ သူနာပြုတစ်ဦး သေဆုံးခဲ့ပေမဲ့ သူ့ရဲ့မွေးကင်းစ ကလေးငယ်ကတော့ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဗြိတိန်နိုင်ငံရဲ့ လူတန်အန်ဒန်စတေဘယ်တက္ကသိုလ်ဆေးရုံမှာ ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် သူနာပြု အဂ္ဂါပေါင်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
သူဟာ ဧပြီလ ၅ ရက်မှာ COVID-19 ရောဂါပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိရပြီး ဧပြီလ ၇ ရက်မှာ ဆေးရုံတက်ရောက်ခဲ့သူပါ။ အဂ္ဂါပေါင်ရဲ့ခင်ပွန်းဖြစ်သူကလည်း သီးသန့်ခွဲခြားနေထိုင်နေရပြီး COVID-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမှု ခံယူထားပါတယ်။ အဂ္ဂါပေါင်အတွက် လုပ်ဖော်ကိုင်ဖက်တွေက ရန်ပုံငွေလှုပ်ရှားမှုလုပ်ခဲ့ရာမှာ နာရီပိုင်းအတွင်း အလှူငွေ ပေါင်ထောင်ချီ ရရှိခဲ့ပါတယ်။
Nz (ရိုးရာလေး)